For Unicode
တစ်ညလုံးကောင်းကောင်းအိပ်မရတာမို့ အစောကြီးနိုးနေခဲ့သည်။ Li နိုးတဲ့အချိန်သည် 6 နာရီမို့ မှိုင်းပြပြရှိနေတဲ့ နှင်းမှုန်လေးတွေက ပတ်ဝန်းကျင်အလှကိုဖော်ဆောင်နေသယောင်ယောင်။ ဘယ်သူမှမနိုးသေးတာမို့ တည်းခိုခန်းရှေ့ကိုထွက်ရင်း ပတ်ဝန်းကျင်ကိုကြည့်နေလိုက်သည်၊ အခုလိုမနက်စောစောသဘာဝလေကိုရှူရှိုက်ရသည်က လူကိုလန်းဆန်းစေမှန်း Li အရင်ကမသိခဲ့ ၊ ညကကောင်းကောင်းအိပ်မပျော်ပေမဲ့ထိုင်းမှိုင်းမှုကို Li မခံစားရ ၊ ဒါဟာ ပတ်ဝန်းကျင်မှာရှိတဲ့လေထုနဲ့ နှင်းမှုန်လေးတွေကြောင့်ဖစ်မည်ဟု မှတ်ချက်ချလိုက်သည်
အချိန်တွေတဖြည်းဖြည်းရွေ့လျားလာရင်း ကျောင်းသားများ တစ်စတစ်စ နိုးထလာခဲ့သည် ၊ ထိုအချိန်ထိ Li အထဲပြန်မဝင်မိသေး
" Li အစောကြီးနိုးနေတာလား "
သဘာဝကိုငေးမောနေရင်း ခပ်ချိုချိုအသံလေးကိုကြားလိုက်ရတာမို့ ကျောဘက်ဆီကို လှည့်ကြည့်လိုက်တော့ မြင်ရတဲ့သူကြောင့် သွားတန်းလေးတွေပေါ်သည်အထိ ရယ်ပြလိုက်သည်
" Suzy unnie ရော ခုမှနိုးတာလား "
" အင်းဆိုပါတော့ ဒါနဲ့ဒီနေ့အေးတယ်နော် "
" အင်း နှင်းမှုန်လေးတွေကျနေလို့ထင်တယ် "
" ဒါနဲ့ Li ဒီနားမှာနေနေတာကြာပီလား ခေါင်းမှာနဲနဲစိုနေသလိုပဲ "
နှင်းမှုန်လေးတွေကြောင့် အနည်းငယ်ဆိုနေတဲ့ Li ခေါင်းလေးကိုလက်ညိုးထိုးရင်း unnie ကပြောလာသည်
" ဟုတ် နဲနဲကြာနေပြီ "
" လာအထဲဝင်ရအောင် အအေးပတ်မယ် unnie ကော်ဖီဖျော်တိုက်မယ် "
နောက်ဆုံးတော့ unnie ရဲ့ခေါ်ဆောင်ရာအတိုင်း Li အထဲသို့လိုက်ပါလာခဲ့သည်
" အားး ကော်ဖီပူပူလေးက ဒီရာသီနဲ့အလိုက်ဖက်ဆုံးပဲ "
unnie ဖျော်တိုက်တဲ့ကော်ဖီပူပူလေးကိုလက်ကကိုင်ရင်း သောက်ခါနီးဆဲဆဲ နောက်ကနေကျောကိုထုလိုက်တဲ့ Chaeyoung ကြောင့် ကော်ဖီပူပူနဲ့ ထိကပ်သွားတဲ့နှုတ်ခမ်းသားတစ်စုံကတော့ စပ်ဖျင်းဖျင်းရယ်
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fiksi Penggemarခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...