-20-

2.4K 248 108
                                    

For Unicode

" သေချာဖြေလာခဲ့နော် Lisa...
မင်းသေချာပေါက်ဖြေနိုင်မယ်လို့တို့ယုံတယ် "

ကျောင်းကိုရောက်တော့ ကားထဲကမထွက်ခင် Li ဘက်ကို လှည့်ရင်း ပြောလာတာမို့ တစ်ချက်ကြည့်လိုက်ကာ seat belt ဖြုတ်ရင်း ကားပြင်ထွက်လာခဲ့သည်။

Jen ကိုဘာမှမပြောပဲ ခပ်တည်တည်ကားပေါ်ကဆင်းသွားတဲ့ခလေးမ...
ပြုံးရင်း ခေါင်းခါလိုက်ကာ Jen လဲကားပေါ်မှဆင်းလာခဲ့သည်။

ရုံးခန်းတံခါးဖွင့်ကာ အထဲကိုဝင်ဝင်ချင်း စားပွဲပေါ်မှာမြင်ရတဲ့အရာလေးကြောင့် ပါးမို့မို့လေးနှစ်ဖက်ကအလိုလိုပြုံးမိလျက်သား...
ဒီရက်တွေအတွင်းမှာ နေ့တိုင်းနီးပါးရောက်နေတတ်တဲ့ ဒီပန်းစည်းလေးတွေက Jen ကိုပြုံးရွှင်စေသည်။

ဘယ်သူပေးလဲဆိုတာအထူးကြည့်စရာမလိုအောင် Jen သိနေခဲ့ပါသည်။ စားပွဲပေါ်က ရဲရဲနီနေတဲ့ နှင်းဆီနီပန်းစည်းလေးကို ယုယုယယကိုင်းလိုက်ရင်း ပြုံးလိုက်ကာ Jen လဲစားပွဲခုံပေါ်ထိုင်ကာလုပ်စရာရှိတာလုပ်နေလိုက်သည်။

အားလုံးစာဖြေနေကြတဲ့အချိန်မို့ ခါတိုင်းနဲ့မတူ တိတ်ဆိတ်နေတဲ့ ကျောင်းဝန်းကြီးက Jen အတွက်တော့အတွေးများစေသည်။ စိတ်ကူးများထဲလွန်ဆွဲဒွန်တွဲရင်း အရင်ကထက်တိုးတက်လာတဲ့ဆက်ဆံရေးကြောင့် Jen ကိုယ်တိုင်လဲ ကျေနပ်မိသလိုလို စိတ်ထဲလဲပေါ့ပါးနေခဲ့သည်။

လွန်ခဲ့တဲ့နှစ်ရက်လောက်က JiJi ကျောင်းကိုလာသွားခဲ့တယ် .....

Jen တစ်ယောက် သန့်စင်ခန်းထဲက မှန်ကိုကြည့်ရင်း မထင်မရှားနှုတ်ခမ်းနီလေးကိုပြန်ဆိုးလိုက်ကာ သန့်စင်ခန်းထဲမှထွက်လာခဲ့သည်။

" Omo ဘယ်သူလဲ "

ရုတ်တရက်လှေကားကနေ Jen လက်ကိုလူတစ်ယောက်ကဆွဲသွားတာမို့ လန့်သွားမိသည်။

" JiJi ပါမလန့်ပါနဲ့ "

" JiJi ဘယ်ကနေဘယ်လို "

" JenJen ကိုလွမ်းလို့ ဖိုးဖိုးဆုံးပြီးထဲကမတွေ့ရတာမလား "

ဘာလို့မှန်းမသိ JiJi အပြောကြောင့် ပါးလေးနှစ်ဖက်ပူလာတယ်လို့တော့ Jen ခံစားလိုက်ရသည်။ လွမ်းတယ်ဆိုတဲ့စကားကြောင့်လား ရာသီဥတုကြောင့်ပဲလား Jen လဲကိုယ်တိုင်မသိ...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now