For Unicode
မိုးဖွဲဖွဲလေးကျနေခဲ့တဲ့ ရာသီဥတုတစ်ခုရဲ့ မနက်စောစောမှာ Lisa ကတော့ ကျောင်းသွားဖို့အတွက်အဆင်သင့်ဖစ်နေခဲ့ပြီ။
အိမ်ရှေ့မှာရပ်ထားတဲ့ ပြောင်လက်လက်အနက်ရောင် ကားလေးရဲ့ဘေးမှာ လွယ်အိတ်လွယ်ရင်း လက်ပိုက်ကာ မက်တပ်ရပ်နေတဲ့ ကောင်မလေးဟာ ထုံးစံအတိုင်း ဂျစ်ကျဖို့အတွက် အသင့်စောင့်နေသယောင်ယောင်...
အလိုမကျသောမျက်နှာအနေအထားနဲ့ သူမဟာ တစ်စုံတစ်ယောက်ကိုစောင့်နေခဲ့သည်။
ခဏအကြာသူမစောင့်နေတဲ့ တစ်စုံတစ်ယောက်ဟာ လက်ကိုင်အိတ်လေးကိုကိုင်ရင်း ထွက်လာကာ မပြောမဆိုကားထဲဝင်သွားခဲ့သည်...
တဝူးဝူးး ထွက်ပေါ်လာတဲ့ကားသံက သူမကိုကြောင်အ,စေခဲ့သည်ပေါ့..." ဘာလဲ ငါ့ကိုမမြင်တာလား...
မဟုတ်ရင် မသိချင်ယောင်ဆောင်တာလား... "တစ်ယောက်ထဲစကားတွေပြောနေရင်း မစီးတာကြာပြီဖစ်တဲ့ ကားဂိုထောင်ထဲက စက်ဘီးလေးကိုထုတ်လိုက်သည်။
ခပ်ဖွဲဖွဲကျနေတဲ့ မိုးကြောင့် ထီးတစ်ဖက်နဲ့စက်ဘီးနင်းရတာဟာ တဂယ်တော့အဆင်မပြေ...
ဒါပေမဲ့လဲ Li နှစ်သက်သည်။ မမြင်ချင်တဲ့မျက်နှာကိုလဲမမြင်ရသလို၊ မကြားချင်တဲ့အသံကိုလဲ မကြားရ..." ဒါနဲ့သူက ဘာလို့ငါ့ကိုစကားမပြောတာလဲ..
ပုံမှန်ဆို အမြဲအော်ငေါက်နေပြီး အတင်းအကျပ်လုပ်ခိုင်းနေကျပါ... "အတွေးများနဲ့စက်ဘီးနင်းရင်း အိမ်နဲ့သိပ်မဝေးလှတဲ့ကျောင်းကိုမကြာခင်ပဲရောက်လာခဲ့သည်။
" ဘာပဲဖစ်ဖစ်ပါ အခုအခြေအနေကပိုကောင်းတယ် သူ့ကိုလဲမမြင်ရဘူး သူ့အသံလဲမကြားရဘူး... အဲ့တော့ ငါစိတ်ချမ်းသာတယ် "
" နင်ဘာတွေတစ်ယောက်ထဲ ပွစိပွစိပြောလာတာလဲ "
" ဘာမှမပြောပါဘူး "
ထိုင်နေကျခုံတန်းလေးက Somi ဘေးနားဝင်ထိုင်ကာ Chae အမေးကိုဖြေလိုက်သည်...
" ဒါနဲ့ Lisa...
ဒီနေ့ည ငါတို့ Club သွားရအောင်
ငါတို့သုံးယောက်ကညှိပြီးပြီ နင်ပဲကျန်တော့တယ် "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...