For Unicode
ကြီးမားလှတဲ့ KIM စံအိမ်ထဲ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်လွန်းနေခဲ့သည်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Kim Yong-Gun မျက်နှာက ခက်ထန်မှုတွေမရှိပဲ အပစ်သားတစ်ယောက်လိုမျက်နှာမျိုး....
" Jen မေးတာကိုဖြေပေးပါဖိုးဖိုး.....
ဖိုးဖိုးတဂယ်ပဲ အဲ့လိုလုပ်ခဲ့တာလား "" ဖိုးဖိုးမရည်ရွယ်ခဲ့ပါဘူး...
Jisoo လေးအမေသေသွားလောက်တဲ့ထိ "Jen ကြားချင်တာဒီစကားမဟုတ်ဘူးလေ နောက်ဆုံးတော့ ဖိုးဖိုးကတဂယ်ကြီးလုပ်ခဲ့တာပဲ.....
" ဖိုးဖိုးလုပ်ရက်တယ်... ဘာလို့ Jen တို့ကိုခွင့်ပြုမပေးရတာလဲ Jen တို့မှာဘာအပစ်များရှိနေလို့လဲ ...ပြီးတော့ JiJi ဆိုတာ ဖိုးဖိုးမြေးတစ်ယောက်လိုချစ်တာပဲမဟုတ်ဘူးလား ခုတော့ဖိုးဖိုးလုပ်ရက်က Jen တို့နှစ်ယောက်တင်မကဘူး JiJi မာမီကိုပါ သေဆုံးစေခဲ့တယ်...ဖိုးဖိုးကလူစိတ်မှရှိရဲ့လား... လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီး ဖိုးဖိုးဘာလို့အခုလိုနားလည်မပေးရတာလဲ "
Jen အသားတွေတဆက်ဆက်တုန်ကာ JiJi ရှေ့မှာထိန်းလာခဲ့သမျှ မျက်ရည်တွေကို အတားအဆီးမရှိကျဆင်းခွင့်ပြုခဲ့ပြီး ဧည့်ခန်းထဲရှိအလှပန်းအိုးများကို ရိုက်ခွဲနေမိသည်။
" ငါတို့အမျိုးထဲမှာအခုလိုမရှိစေချင်လို့ငါလုပ်ခဲ့တာ "
ဖိုးဖိုးဆီကထပ်ထွက်လာတဲ့စကားက မျက်ရည်တရွဲရွဲနဲ့ငိုရင်း ကိုင်ပေါက်ဖို့ပြင်နေတဲ့ လက်ထဲက ဆင်စွယ်ရောင်ကျားရုပ်တုသေးသေးလေးကို လေထဲမှာတင်ရပ်တန့်စေခဲ့သည်။
" အခုလိုဆွေမျိုးကြီး အသိုင်းအဝိုင်းကြီးထဲက လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီး ငါ့မျိုးရိုးထဲမှာ ငါ့မြေးက gay နေတာပါဆိုပြီး ငါဘယ်လိုချပြရမလဲ.....
ငါ့သိက္ခာတွေ ငါတို့မျိုးရိုးဂုဏ်တွေ လူကြားထဲမှာ အပြောခံနေရမဲ့အဖစ်မျိုးကိုငါကလက်ပိုက်ကြည့်နေရမှာတဲ့လား "" ဟာ....ဖိုးဖိုး....
.
.
.ဖိုးဖိုးအတွေးတွေကသိပ်ကိုတစ်ကိုယ်ကောင်းဆန်လွန်းတယ် ၊ အချစ်ဆိုတဲ့အရာမှာ ဘာပဉာက်ချက်မှမရှိဘူးဖိုးဖိုး...
ဖိုးဖိုးတွေးနေသလို လူ့အသိုင်းအဝိုင်း လူ့ဂုဏ်သိက္ခာတွေလဲမရှိသလို ချမ်းသာကြွယ်ဝမှုလဲမရှိဘူး...
ဖြူဖြူစင်စင်ချစ်တဲ့အချစ်အတွက် ဖိုးဖိုးဘက်ကဘာတွေလက်မခံပေးနိုင်စရာရှိလဲ.... "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fiksi Penggemarခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...