For Unicode
" Lalisa ဒီကိုခဏလာခဲ့ပါဦး "
အိမ်ထဲကိုအရိပ်အခြေကြည့်ပြီး ဘယ်သူမှမရှိဘူးအထင်နဲ့ ခြေဖွဖွနင်းကာ အိမ်ပေါ်တက်ဖို့ပြင်လိုက်စဥ်မှာပင် ဧည့်ခန်းနားမှာမက်တပ်ရပ်ရင်း လှမ်းအော်လိုက်တဲ့သူ့ကြောင့် လိပ်ပြာလွင့်ထွက်သွားမတက်လန့်သွားမိသည်
ဒီအချိန်ကြီး အခန်းထဲမှာ Appa နဲ့အတူရှိနေမှာမဟုတ်ဘူးလား?
ခုနကသေချာကြည့်တုန်းကဘယ်သူမှမရှိပါဘူး ဘယ်လိုကနေဘယ်လို
သူဘယ်လိုပဲတွေ့တွေ့လောလောဆယ်တော့Lalisa တို့ခေါင်း ဆင်တက်နင်းခံရပြီအတွေးတွေနဲ့ တုန်တုန်ယင်ယင် ဧည့်ခန်းဘက်လျှောက်လာခဲ့သည်၊ ကိုယ်ကမှားနေတာမလား အနည်းငယ်တော့ကြောက်မိတာပေါ့
ပြီးတော့ သူ့မျက်နှာကစိတ်ဆိုးနေပုံပဲ သူစိတ်ဆိုး ၊ စိတ်တိုရင်ပျော်နေသမျှ ဒီတစ်ခါတော့ပထမဆုံးအကြိမ်ကြောက်မိခြင်းပဲ
မဟုတ်တာလုပ်တဲ့သူက လိပ်ပြာမလုံဘူးလေ" ကဲ ပြော ဒါဘယ်ကပြန်လာတာလဲ "
အနားရောက်တာနဲ့ ခပ်တည်တည်နဲ့မေးလိုက်တာကြောင့် တိတ်ဆိတ်နေတဲ့အိမ်ထဲဟိန်းထွက်လာတဲ့အသံတစ်သံ
တဂယ်ကြောက်ဖို့ကောင်းတယ်ကုပ်ကုပ်လေးအနားမှာမက်တပ်လာရပ်နေတဲ့ခလေးမက အခုလိုလဲကြောက်တတ်တာလား
တုန်တုန်ယင်ယင်နဲ့ကြောက်နေပုံကြောင့် ခုနေအာဏာပြလို့အကောင်းဆုံးအချိန်ပဲ ဘယ်နှယ့် ကို့အသက်ငယ်ငယ်လေးကို ဒီအချိန်အပြင်ထွက်စရာလား ကောင်းကောင်းဆူပစ်ရမယ်" မေးနေတာဖြေလေ "
သူ့ဆီကအသံထပ်ထွက်လာမှ သတိထားမိပြီး ကြောက်ကြောက်လန့်လန့်ဖြေရသည်
" ဟို ဟို Li မွေးနေ့ကပြန်လာတာပါ "
" မင်း တို့ကိုပြောသွားလား "
ဒေါသသံနဲ့သူမေးချင်တာမေးနေတဲ့ ဒေါ်စိတ်တိုက ဒီချိန်ကြောက်ဖို့ကောင်းတယ်
" မပြောသွားပါဘူး ပြောရင်မလွှတ်မှာစိုးလို့ "
" ဒါနဲ့ပဲ မင်းက သတ္တိတွေသိပ်ကောင်းနေလို့ ဘယ်သူ့ကိုမှမပြောပဲ ဒီအချိန်အပြင်ထွက်တယ်ပေါ့ "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanficခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...