-11-

2.5K 255 30
                                    

For Unicode

" JenJen ကိုယ်ဆက်ကြိုးစားနေမှာ မင်းမသိသေးတာတွေရှိသေးတယ် "

အနောက်ကနေသူအော်ပြောသံကိုကြားနေပေမဲ့ Jen ခြေလှမ်းတွေကိုမရပ်တန့်မိဘူး
ကားပေါ်ရောက်တဲ့အထိ အမြင်တွေဝေဝါးနေရင်း မျက်ရည်တွေလဲအဆက်မပြတ်ကျမိနေတုန်းပဲ၊အချိန်တစ်ခုကြာတဲ့အထိ ငိုကြွေးနေမိရင်း နောက်ဆုံးမှာတော့ ဘာမှမဖစ်သလိုပုံစံဖမ်းရင်း Jen ကျောင်းကိုပြန်လာခဲ့သည်

~~~~~~~~~~~~~~

" Garrrr ဒီနေ့တဂယ်လွတ်လွတ်လပ်လပ်ပျော်လိုက်ရတာပဲ စီနီယာတွေပြောတဲ့ကျောင်းပြေးတဲ့အရသာဆိုတာ ဒီလိုမျိုးကိုး "

ကျောင်းကိုပြန်ရောက်ရောက်ချင်း တစ်လမ်းလုံး ဆရာကြီးစတိုင်လ်ဖမ်းလာတဲ့ Somi က အအေးသောက်ချင်ပါသည်ဆိုသောကြောင့် ကျောင်းကန်တင်းသို့သွားတာ Cola သောက်ရင်း ပြောလာသည်၊

" ငါတော့ဒီနေ့တော်တော်ဗိုက်တင်းသွားတယ် အရသာရှိတာတွေအများကြီးစားလိုက်ရတယ် "

ထုံးစံအတိုင်း Chae ကတော့ဗိုက်ကလေးကိုပွတ်ရင်း အစားအကြောင်းပြောနေပြန်သည်၊

" ငါကတော့ခြေထောက်ညောင်းတယ် မျောက်သုံးကောင်နောက်ကိုအမှီလိုက်ရတာ တစ်လမ်းလုံးဟိုဟာလိုချင်လိုက် ဒီဟာစားချင်လိုက်နဲ့ မိန်းခလေးတွေပီပီငြင်ငြင်သာသာလဲပြေးလိုက်ကြတာ ငါတောင်မနဲမှီအောင်လိုက်ရတယ် "

ခြေထောက်ကိုထုရင်းပြောလာတဲ့ Bobby ရဲ့စကားသံအဆုံး Li တို့သုံးယောက်ရဲ့မျက်စောင်းကတော့ ဒိုင်းခနဲပေါ့ ၊ Li တို့သာနဂါးဆို ဒင်းပြာဖစ်နေလောက်ပြီ တစ်လမ်းလုံးတွေ့သမျှ အစ်မကြီးတွေကိုငမ်းနေလို့နောက်ကျကျန်ခဲ့တာကျထည့်မပြောဘူး၊ တော်တော်တရားကျဖို့ကောင်းတယ်။

" အော် အေးပါ အေးပါ နင်တို့ပဲ ညည်းနေလိုက်ကြ Appa Kim ဆီက နှစ်ပတ်စာတောင်းထားတဲ့မုန့်ဖိုးလေးပြုတ်လုနီးနီးဖစ်သွားတဲ့ငါကမညည်းရဘူး "

Li fake smile လေးနဲ့ ပြုံးရင်ပြောလိုက်တော့မှ သွားဖြဲလေးတွေနဲ့ လာကြည့်တယ် ၊ တော်တော်လေးချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ!

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now