For Unicode
" မင်းကျောင်းသွားဖို့ ကားပေါ်တက်သင့်နေပြီနော် "
" မလိုက်ဘူး Li ကိုယ့်ဘာသာသွားမှာ "
ကျောင်းသွားဖို့အတွက်အိမ်ရှေ့မှာအခြေအတင်ဖစ်နေတာ တော်တော်လေးကြာပြီ....
မလိုက်နိုင်ပါဘူး Li သူနဲ့တူတူမသွားနိုင်ဘူး
အုပ်ထိန်းသူတစ်ယောက်ပါဆိုပြီး အာဏာစွတ်သုံးနေတာ... အဲ့အချက်ကိုပဲ Li ကမကြိုက်တာ..." မရဘူး မင်းတို့နဲ့ပဲကျောင်းတူတူသွားရမယ် "
" ဒီမှာ... Li ပြောတာနားမလည်ဘူးလား
Li မလိုက်ဘူး ကိုယ့်ဘာသာသွား "ကျစ်... ဒီခလေးမတဂယ်ခက်တယ် Jen ပြောတာကိုသဘောမပေါက်ဘူး...
အခုတစ်လောအရမ်းဆိုးသွမ်းလာတယ်..." Lisa မင်းညကအပစ်လုပ်ထားတယ်နော် "
" ကျစ် "
မရရတဲ့နည်းတော့သုံးရမှာပဲ...
ခုနကထိမလိုက်ဘူးလုပ်နေတဲ့ခလေးမကချက်ချင်းဆိုသလို စောင့်အောင့်ကာကားထဲဝင်ထိုင်နေသည်...
ဒီခလေးမကအကျင့်ကောင်းလေးတစ်ခုတော့ရှိတယ် သူအပစ်လုပ်ထားတဲ့အခါသူသိတယ်..အဲ့အချက်ကိုသိတဲ့ Jen က တစ်ခုခုဆို သူ့အပစ်နဲ့ပဲခြိမ်းခြောက်နေကျ...သက်ပြင်းသာချလိုက်ရင်း ကားထဲဝင်ကာ တစ်ဖက်လှည့်ပြီးထိုင်နေလိုက်သည်။
ဆေးလိပ်လေးတစ်ခါခိုးသောက်မိပါတယ် ခုထက်ထိ အဲ့ကိစ္စကိုအသုံးချတုန်း....
ကျောင်းနောက်ကျမှာကတစ်ကြောင်း နားပူမှာကတစ်ကြောင်းမို့သာ Li ဘာမှမပြောပဲ လိုက်လျောခဲ့ခြင်းဖစ်သည်....အိမ်ကစထွက်လာသည့်တိုင် သူ့မျက်နှာကိုလဲမကြည့်သလို ဘာမှမပြောပဲ တစ်ဖက်သာလှည့်ထားရင်းလိုက်ပါလာခဲ့သည်။
" မင်းသတင်းတွေတို့ကြားတယ်နော် "
"........... "
" မင်းလိမ္မာသင့်နေပြီလို့မထင်ဘူးလား "
" ခင်ဗျားနဲ့မဆိုင်ဘူးထင်တယ်နော် "
ကျောင်းထဲရောက်တော့ကားပေါ်မှဆင်းမယ်ဟန်ပြင်စဥ် သူ့ဆီကကြားရတဲ့စကားက Li အတွက်စိတ်ရှုပ်စေသည်။
" တို့ကမင်းရဲ့အုပ်ထိန်းသူပါ Lisa ...
မင်းတို့ကိုမုန်းတာတို့သိတယ်...
ဒါမဲ့လက်ရှိမှာ မင်းကတို့အုပ်ထိန်းမှုအောက်မှာ နေနေတာ အဲ့တော့ မင်းနဲ့ပတ်သက်တာမှန်သမျှတို့နဲ့ဆိုင်သလို မင်းကိုလဲတို့ဆုံးမပိုင်ခွင့်ရှိတယ်...."
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanficခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...