For Unicode
" Liz... တို့နောက်ကျသွားတယ် စောင့်နေတာကြာသွားလား "
' ကျစ် '
ကျောပေးကာရပ်နေရင်း ခါးနောက်ကနေလာဖက်တာမို့ စုပ်တစ်ချက်တော့သပ်လိုက်မိသည်။ ဒီနေ့ကနောက်ဆုံးနေ့ဖစ်မှာမို့ ဘာမှမပြောသေးပဲ ခဏတာငြိမ်သက်ပေးနေလိုက်သည်။
" Liz... တို့ကိုစိတ်ဆိုးနေတာလားဟင်...
ဒီဘက်ကိုလှည့်ပါဦး... "အခုချိန်ထိ Li ဘက်ကဘာမှမပြောသေးပဲ သူမဆန္ဒအတိုင်း သူမဘက်ကိုလှည့်ပေးလိုက်သည်။
" Omo တို့ Liz လေးကတဂယ်စိတ်ဆိုးနေတာပဲ... စိတ်ဆိုးနေပုံလေးကလဲချစ်စရာလေး... ချော့တဲ့အနေနဲ့တို့က အနမ်းပေးရမှာပေါ့ "
သိပ်မကွာလှတဲ့အရပ်အနေအထားဆိုပေမဲ့ အနည်းငယ်လေးပိုရှည်နေတဲ့ Li ကို သူမက ခြေဖျားလေးထောက်ရင်း မျက်နှာနားတဖြည်းဖြည်းတိုးကပ်လာခဲ့သည်။ သူမရောက်ထဲက သူမစိတ်ကြိုက်ငြိမ်သက်ပေးနေတဲ့ Li ကဒီတစ်ခါတော့ လှုပ်ရှားမှရတော့မည်။
" ကျစ်... Li တို့လမ်းခွဲရအောင် "
Li မျက်နှာနားရောက်လုနီးနီးသူမဟာ Li ပြောသံကိုကြားတော့ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားခဲ့သည်။
" တို့ဘာမှားမိလို့လဲဟင် "
" ဒီတိုင်းပဲ ရိုးသွားလို့ "
" ရိုးသွားလို့...
ရိုးသွားရအောင် Alice တို့တွဲတာ တစ်ပတ်ပဲရှိသေးတယ်လေ "" Alice မင်းမေ့နေတာလား Li ဆိုတဲ့ငါက ဘယ်သူ့ကိုမှ တစ်ပတ်ထက်ပိုမတွဲခဲ့ဘူးလေ..."
သူမဘက်ကတိတ်ဆိတ်နေရင်း တသိမ့်သိမ့်ရှိုက်ငိုနေတာမို့ နောက်ဆုံးနှုတ်ဆက်အနေနဲ့ ရင်ခွင်ထဲသွင်းကာဖက်ထားလိုက်သည်။ ဒါဟာ Li တွဲသမျှပြတ်တိုင်းလုပ်နေကျအလေ့အကျင့်တစ်ခု....
နှစ်သိမ့်သောထွေးပွေ့ခြင်းမျိုးပေါ့...." နှုတ်ဆက်ပါတယ် Alice... "
သူမကိုကျောခိုင်းထွက်လာခဲ့ရင်း Li မျက်နှာထက် ပါးတစ်ဖက်ကွေးညွှတ်သွားအောင် တစ်ခြမ်းသာပြုံးလိုက်သည်။ ကျောင်းဝန်းထဲမှာမို့ Li တို့အခြေအနေကိုစောင့်ကြည့်နေတဲ့လူတစ်စုရှိနေသော်လည်း ဒါဟာမထူးဆန်းတော့...
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...