For Unicode" Lisa "
Jen မျက်နှာဟာလဲ ပြိုတော့မဲ့မိုးလိုပုံစံဖြင့် ဧည့်ခန်းထဲကိုတစ်လှမ်းချင်းဝင်လာတဲ့ခလေးမ ကိုကြည့်နေခဲ့သည်။
Jen အနားကို လျှောက်လာနေတဲ့ခလေးမ ခြေလှမ်းတွေက အားအင်ချိနဲ့နေသယောင်ယောင် အားပြတ်နေတဲ့လူတစ်
ယောက်လိုမျိုး....." တဂယ်ပဲလား "
အေးစက်စက်ပုံစံနဲ့မေးနေတဲ့ခလေးမကိုကြည့်ရင်း Jen လဲမျက်ရည်တွေဝဲလာမိသည်။
" တဂယ်ပဲလားလို့ "
ဧည့်ခန်းထဲဟိန်းထွက်သွားအောင်အော်နေတဲ့ခလေးမမေးသံကို Jen မဖြေမိပဲ မျက်ရည်တွေကျကာ အရှေ့မှာရှိနေတဲ့ခလေးမကိုပွေ့ဖက်ထားမိသည်။
" တဂယ်ပဲ...
တဂယ်ပဲလားဟင်...
မဟုတ်ဘူးမလား..."ကြောင်တောင်တောင်နဲ့ပြန်မေးနေတဲ့ခလေးမကို Jen ဘယ်လိုအင်အားမျိုးနဲ့ဖြေပေးရမှာလဲ...
" Lisa yaaa ကိုယ်.....
ကိုယ်ဂျယ်ဂျူက အပြန်လမ်းမှာကားမှောက်လို့ဆုံးပြီတဲ့ "ပွေ့ဖက်ထားတဲ့ခလေးမကို ခွာလိုက်ရင်း Jen ကိုယ်တိုင်လဲမျက်ရည်တွေနဲ့ပြောလိုက်တော့ မက်တပ်ရပ်နေတဲ့ခလေးမက ခြေထောက်တွေကအားမရှိသည်ထင် ကြမ်းပြင်ပေါ်ကိုပျော့ခွေကျသွားခဲ့သည်။
" မဟုတ်ဘူး ဘာလို့ Appa လဲ...
အဟင့်.... ဘာလို့လဲ "မျက်ရည်တွေနဲ့အော်ငိုနေတဲ့ခလေးမကို Jen ကိုယ်တိုင်လဲမျက်ရည်တွေနဲ့ပင် ပွေ့ဖက်ထားပေးမိသည်။ ဒီခံစားချက်ကို Jen ကောင်းကောင်းသိတယ်...
ငယ်ရွယ်သေးတဲ့ခလေးမက ဘယ်လိုကံတွေကြောင့်ခုလိုမျိုးကြုံနေရတာလဲကလေးရယ်...
တစ်ကောင်ကြွက်ဖစ်နေတဲ့ တို့လိုပဲ ကံတရားကမင်းအပေါ်လဲမကောင်းခဲ့ဘူးကွယ်.....~~~~~~~~~~~~
" အဟင့် ....
Appa ပြောတော့ ဂျယ်ဂျူကပြန်လာရင်အလုပ်အားပြီဆို...
အဲ့ကျရင် Li တို့ခရီးထွက်ကြမယ်ဆို...
အခုတော့ Appa က ဂတိမတည်ဘူး.."အခန်းရဲ့ထောင့်လေးထဲမှာငိုနေတဲ့ ကောင်မလေးတစ်ယောက်ကတော့ ဖြူဖက်ဖြူရော်မျက်နှာမျိုးနဲ့....
သူမဘယ်လောက်စိတ်ထိခိုက်နေလဲ အရင်ကထက်ပိုပိန်သွယ်သွားတဲ့ ခန္ဓာကိုယ်လေးကသက်သေတည်လို့...
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...