For Unicode
လွန်ခဲ့သော 15 နှစ်🌼🌼🌼🌼
" မာမီမသွားပါနဲ့ မာမီမရှိရင် Jen ကဘယ်သူနဲ့နေရမှာလဲဟင် "
ခမ်းနားလှပလှတဲ့စံအိမ်ကြီးထဲ 11 နှစ်အရွယ်ကောင်မလေးရဲ့ အော်ဟစ်ငိုကြွေးရင်း တောင်းပန်နေသံက ဆူညံနေသည်။
သူမသိပ်ချစ်ရတဲ့ မာမီထွက်မသွားစေဖို့အတွက် အထုပ်ကိုလက်ကကိုင်ထားတဲ့ မာမီရဲ့လက်ကိုအတင်းဆွဲကာ တားနေသည်။ သူမရဲ့ ဒယ်ဒီကတော့ ဧည့်ခန်းထဲကခုံမှာထိုင်ရင်း ရုပ်သေးကြိုးပြတ် မလှုပ်မယှက်ငြိမ်သက်လို့...
" သမီး Jen လေး မာမီလက်ကိုလွှတ်ပါ မာမီသမီးလေးကိုမကြာမကြာလာတွေ့မှာပေါ့ "
သူမထွက်သွားမှာစိုးလို့အတင်းဆွဲကာတားနေတဲ့ ချစ်ရတဲ့သမီးလေးရဲ့ လက်ကိုရုန်းဖယ်ရင်း Lee Eun Joo တစ်ယောက်အထုပ်ကိုလက်ကကိုင်ဆွဲရင်း ထွက်သွားဖို့ပြင်နေသည်။ တဂယ်ဆို သူမသမီးလေးကို သူမလည်းမခွဲချင်ပါ....... နောက်အိမ်ထောင်ပြုမှာမို့ သမီးလေးကိုခေါ်သွားရန်လဲအဆင်မပြေ ။
ကိုယ့်ရင်သွေးဖစ်တဲ့သမီးလေးကို ပထွေးလက်ထဲမှာမနေစေချင်တာ သူမရဲ့စေတနာပါ ၊ ဒါကြောင့်ပဲ အခုလို သမီးကိုထားခဲ့ရခြင်းဖစ်သည်၊ မိခင်တစ်ယောက်အနေနဲ့ ဝမ်းနဲ့လွယ်မွေးထားတဲ့ကိုယ့်သားသမီးမို့ သူမလဲခံစားရသည်......
နောက်ဆုံးတော့ ဧည့်ခန်းထဲငြိမ်သက်နေတဲ့ Kim Jong-Hyun တစ်ယောက် ငြိမ်မနေနိုင်တော့တာမို့ ရုတ်ရင်းဆန်ခတ်ဖစ်နေတဲ့ အခြေအနေတွေကြားထဲ သမီးလေးကို အတင်းဝင်ဆွဲကာ တားထားရသည်၊
လွန့်လွန့်လူးအောင်ငိုကြွေးနေတဲ့သမီးလေးကိုကြည့်ရင်း သူလည်းပဲခံစားရပါသည် ၊ သို့ပေမဲ့ မတတ်နိုင်ခြင်းများစွာဖြင့်သာ သမီးလေးကိုဆွဲထားလိုက်ရသည် ။" မာမီ မသွားပါနဲ့ မာမီ Jen ကိုမချစ်တော့ဘူးလားဟင် ...
Jen လဲမာမီနဲ့လိုက်မယ်လေ Jen ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ "သူမဘယ်လောက်ပင် အော်ဟစ်ငိုယိုကာ တောင်းပန်နေပေမဲ့ သူမရဲ့မာမီကတော့ သူစိမ်းလူကြီးတစ်ယောက်ရဲ့အနက်ရောင်ကားလေးနဲ့အတူပါသွားခဲ့ပြီ...
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...