For Unicode
" Lalisa ...."
စာသင်ခန်းထဲဟိန်းထွက်သွားတဲ့ကျောင်းအုပ်ရဲ့အသံကြောင့် အတန်းထဲရှိကျောင်းသားအားလုံးဆီမှဘာအသံမှမကြားရသည်အထိတိတ်ဆိတ်သွားသည်။
" ပြီးရင် တို့ရုံးခန်းထဲလာခဲ့ Chaeyoung ရောပဲ "
သူခေါ်တဲ့ကိစ္စကိုသိနေပြီ။ အကြောင်းကတော့ Li တို့ကြိုးစားပန်းစားဖြေထားတဲ့ ပထမနှစ်ဝက်ကြီးရဲ့ Result ပေါ့ ၊ Lalisa တို့သိပ်ကိုတော်သွားသလားပဲ ဒီနှစ်တော့ Kim Jennie နဲ့သေချာ Guide လိုက်ခဲ့တာမို့ အဆင့်ကတော့မနှစ်ကလိုပဲ Li အောက်မှာ တစ်ယောက်ပဲရှိသည်အထိ၊
သိပ်ကိုရယ်စရာကောင်းနေလား တဂယ်တော့ မေးသမျှမေးခွန်းတိုင်းကို Li အဖြေသိရဲ့နဲ့ တမင်မဖြေခဲ့တာ ၊ ဒီ Plan မှာ Chae လဲအပါအဝင်ပေါ့ ၊ ဟိုနှစ်ကောင်ကိုတော့မပြောမိတာမို့သူတို့တော့အဆင့်တက်လာသည် ဒါကြောင့်ဒေါ်စိတ်တိုက Li တို့နှစ်ယောက်ကိုပဲခေါ်ခြင်းဖစ်သည်" Lisa ရေ မိဘတော့ခေါ်တော့မယ်ထင်တယ် "
Chae ရဲ့ ကြောက်ကြောက်လန့်လန့်ပြောသံအဆုံး Lisa တစ်ယောက် ' ဟက် ' ခနဲရယ်လိုက်သည်
" ခေါ်လဲခေါ်ပေါ့ အစထဲကဒီလိုလုပ်ရင်အခေါ်ခံရမယ်ဆိုတာသိနေတာပဲဟာ "
" နင်တို့နှစ်ယောက်မတရားဘူးနော် "
အရှေ့မှာစာသင်နေတာမို့ ဘေးချင်းကပ်ထိုင်နေတဲ့ Chae နဲ့စကားပြောနေရင်း အနောက်ကရောက်လာတဲ့ စာရွက်လေး၊
လှည့်ကြည့်လိုက်တော့ မကြည်ကြည့်နဲ့ကြည့်နေတဲ့ Somi" အတန်းပြီးရင်တွေ့မယ် "
ထပ်ရောက်လာတဲ့ စာရွက်လေးအပြီးမှာတော့ Li လဲ ဆရာမသင်တာကိုသာကြည့်နေလိုက်သည်
...........................
" ကဲ ပြော ဘာလို့ငါတို့ကိုကျ မပြောတာလဲ "
" တဂယ်တော့ နင်တို့မိဘတွေက နဲနဲစည်းကမ်းကြီးတယ်မလား သိသွားရင်ငါ့သူငယ်ချင်းလေးတွေအပစ်ပေးခံနေရမှာစိုးလို့ ငါတို့နှစ်ယောက်ပဲလုပ်လိုက်တာ စိတ်မဆိုးပါနဲ့ဟာ "
ခါးထောက်ရင်း မကျေနပ်ကြောင်း ရန်တွေ့နေတဲ့ Somi ကိုအတတ်နိုင်ဆုံးမျက်နှာငယ်လေးနဲ့ပြန်ပြောလိုက်သည်
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanficခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...