-51-

4.6K 330 262
                                    

For Unicode

" JJ ...
လူကိုမနှိုးပဲနဲ့ အဲ့လိုထသွားလို့ရလား "

မျက်နှာသစ်နေတုန်း အနောက်ကနေအိပ်ချင်မူးတူးသံတဲ့ လူကိုဖက်လိုက်ကာ ချွဲနေတာမို့ ပါးနှစ်ဖက်ဟာ Auto ကွေးညွှတ်မိလျက်သား...

ကျမရဲ့ ကလေးငယ်က အမြဲတမ်းဆိုးနေတာမဟုတ်ပဲ အခုလိုလဲချွဲနွဲ့တက်သေးသည်...

" LiLi ငြိမ်ငြိမ်နေကွာ...
ဒီမှာမျက်နှာသစ်နေတယ် "

" သစ်ပေါ့ ..JJ လဲ JJ အလုပ် JJ လုပ်တာလေ...
LiLi လဲ LiLi အလုပ် LiLi လုပ်မှာပေါ့ "

ရော်.. ဒီခလေးမနဲ့တော့ခက်ပြီ လူကိုအခုလိုကြီးလာနမ်းနေမှတော့၊ ဒီကဘယ်လိုလုပ်တော့မလဲ...

အမွှေးပွတဘက်သာပတ်ထားတဲ့ Jen တို့နှစ်ယောက်အခြေအနေက နှစ်ယောက်လုံးဟာ ရင်တစ်ပိုင်းပြတ်နဲ့မို့ အနောက်ကဖက်ထားတဲ့ LiLi က Jen လည်ပင်းတွေကိုနမ်းရှိုက်ရင်း ကိုက်ခဲလို့နေသည်။

" အ့.. LiLi ခွေးမလေး နာတယ်လို့...
ညကလဲ နမ်းထားတာ အခုထိအရာတွေမပျောက်သေးဘူးကို "

" JJ ကလဲ ဒါက Love bite တွေလေ...
ဘာလဲ JJ သဘောမကျလို့လား "

Jen ကိုပြောပြီးပြီးချင်း ဘဲပေါက်နှုတ်ခမ်းလေးကိုထော်ကာစိတ်ဆိုးနေတာမို့ အလျှင်အမြန်ပြန်ပြောရသေးသည်။ LiLii ကတဂယ့်မလွယ်တဲ့ ခလေးလေး..

" ဟော.. Bae ကစိတ်ဆိုးတာလား JJ ကသဘောကျတာပေါ့... သဘောကျလို့ညကလက်ခံတာပဲကို စိတ်မဆိုးရဘူးနော် "

မှန်ထဲကနေ မြင်နေရတဲ့ပုံရိပ်ကိုကြည့်ရင်း ခါးပေါ်ရောက်နေတဲ့ LiLi ရဲ့လက်ကိုဆုပ်ကိုင်လိုက်ကာ စိတ်ပြေအောင်ချော့ရသေးသည်။

" JJ ကဘာလို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေတာလဲ.. လာထား ဒီဘက်ကိုလှည့် "

Jen ပြောလိုက်လို့ချက်ချင်းပြုံးသွားတဲ့ခလေးလေးက Jen ကိုမျက်နှာချင်းဆိုင်ဆွဲလှည့်ရင်း စိုက်ကြည့်လို့နေပြန်သည်။

" ချစ်တယ် JJ...
အဲ့တော့ LiLi ကို morning kiss ပေး "

" mwahh..."

နှစ်ခါပြောစရာမလိုအောင်ပင် LiLi ရဲ့စကားဆိုတာနဲ့ Jen ကချက်ချင်းဖြည့်ဆည်းပေးပြီးသား ၊ ဒါဟာအချစ်ရဲ့စွမ်းပကားဖစ်မှာ...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now