For Unicode
နေ့လည်စာစားချိန်မို့ ဆူညံလှတဲ့ကျောင်းသားထုများကြားထဲ အနားအတင်းကပ်ကာ ဂရုတစိုက်ပြုမူနေတာဟာ တဂယ်တော့ Li အဖို့ စိတ်ကသိကအောက်နိုင်လှသည်...
" Li တော်ပြီ မစားချင်တော့ဘူး "
" စားပါဦး နဲနဲပဲရှိသေးတာကို...
ဘာလဲ အနာကနာလာလို့လား
ခဏနေ IU ဆေးထည့်ပေးမယ်နော် "" ရတယ် Li အိမ်ကနေဆေးထည့်လာတယ် "
" အခု အရမ်းနာနေလား...
တွေ့လား ပြောသားပဲ Li ဟာလေ နဲနဲပါးပါး ဂရုစိုက်မယ်လို့မရှိဘူး "" IU ရယ် ငါလဲထိလာတာပါဟယ် "
ဘယ်ဘက်ပါးမို့မို့ဘက်က ညိုတိုတိုအကွက်လေးကို လက်ညှိုးလေးနဲ့ထိုးပြရင်း Chae ရဲ့ခပ်ရွဲ့ရွဲ့ပြောသံကိုကြားတော့ IU မျက်နှာလေးဟာ ရှက်ကိုးရှက်ကန်း...
" Chae ရောဆေးထည့်ပြီးပြီလား IU ထည့်ပေးမယ်လေ "
" အမလေး ရပါတယ်...
ကိုယ့်လူကိုယ်သာ ဂရုစိုက်တော်မူပါ "Bobby နဲ့ Somi ကတော့ Li တို့အဖစ်ကိုကြည့်ရင်း ကြိတ်ခွီလို့...
" Li နောက်တစ်ခါဆိုရန်မဖစ်နဲ့နော် "
" အင်း "
" ပြောလိုက်ရင် အင်း အင်း နဲ့
ပြီးရင်သူပဲရန်ဖစ်ပြီးတော့ "" အခုလဲရန်ဖစ်တာမဟုတ်ပါဘူးဆို အမြင်မတော်လို့ဝင်ကူညီရင်းဖစ်တာ "
" IU ကစိတ်ပူလို့ပြောတာပါ Li ကလဲ ဒေါသကြီးနဲ့ "
" ကဲ ကဲ အတန်းတက်ရတော့မယ် လာသွားကြရအောင် "
Li တို့အခြေအနေကိုကြည့်ရင်း အခြေအနေသိပ်မဟန်တာမို့ Somi ကဝင်ပြောလိုက်ခြင်းဖစ်သည်...
" စာကိုသေချာသင်နော် IU စိတ်ချမယ် "
အတန်းရှေ့ရောက်သည့်တိုင် မှာလို့မဆုံးသေးတဲ့ IU...
" ကဲပါ ကိုယ့်အတန်းကိုယ်သွားတော့ ခဏနေ ဘဲလ်တီးတော့မယ် "
" အင်း ကျောင်းဆင်းမှတွေ့ကြမယ်နော်...
ချစ်တယ် Li...
IU သွားပြီ "Li ကိုချစ်တယ်ပြောပြီး ပြေးထွက်သွားတဲ့ IU ကိုကြည့်ကာ Li တဂယ်အားနာရသည်။
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...