For Unicode
မနက်စာစားနေရင်း အရှေ့မှာ Coffee သောက်နေတဲ့တီလေးကိုကြည့်ကာ Chae အတွက်သိချင်တာတွေရှိတာမို့ မေးရန်ဟန်ပြင်လိုက်သည်။
" ဟိုလေ တီလေး "
" အင်း "
" Chae မေးစရာရှိလို့ "
" မေးလေ "
" ဟိုလေ Jisoo unnie နဲ့ unnie Jen က ငယ်ငယ်ထဲကကွဲသွားတာလားဟင် အရမ်းချစ်ကြတယ်ဆိုပြီးတော့ ဘာဖစ်လို့ unnie Jen က Lisa အဖေနဲ့လက်ထပ်ခဲ့တာလဲ "
" အွန်း...ဒါကတော့ပြောရမယ်ဆိုရင် သူတို့ရဲ့ကံကြမ္မာနဲ့လဲဆိုင်မယ်ထင်တယ်... နင်ပြောသလိုပဲ သူတို့ကအရမ်းချစ်ကြတယ် ဒါမဲ့အကြောင်းတစ်ခုခုကြောင့်ကွဲသွားတယ် အဲ့တော့ Jen ကလဲ Kai နဲ့လက်ထပ်လိုက်တာပေါ့ "
" အော် အဲ့လိုလား..
ဒါဆို unnie Jen က Lisa အဖေကိုမချစ်ဘူးပေါ့ "" အင်း..ဆိုပါတော့ သူပြောပြသလောက်ကတော့မချစ်ဘူး ပြီးတော့ Kai ကလဲအဲ့ကိစ္စတွေကိုသိတယ်..
ဒါနဲ့နေပါဦး မိ Chae... နင်ဘာလို့ငါ့ကိုဒါတွေလာမေးနေတာလဲ "" ဟီးဟီး အာ့က Chae ဒီတိုင်းသိချင်လို့ပါ "
စပ်ဖြီးဖြီးလုပ်ပြနေတဲ့မိ Chae ကို ခပ်တည်တည်စိုက်ကြည့်လိုက်ရင်း....
" Yrrr ငါ့ကိုမလိမ်နဲ့မိ Chae...
နင်ကငါ့တူမပါ ..ပြော ဘာလို့မေးတာလဲ "" အမ်...အာ့က တဂယ်တော့လေ..
Chae သူငယ်ချင်း Lisa ကိုသိတယ်မလား "" သိတယ်လေ Kai ရဲ့သမီးပဲကို "
" အင်း အဲ့တာလေ သူက unnie Jen ကိုအရမ်းမုန်းနေတာ... သူ့ဘက်ကအထင်အမြင်နဲ့ပေါ့လေ... တီလေးသိတဲ့အတိုင်း မုန်းတယ်ဆိုတဲ့အရာကလဲပူလောင်တယ်မလား... ပြီးတော့ unnie Jen ကလဲသူထင်နေသလိုမဟုတ်ဘူးဆို ကြားထဲမှာတစ်ခုခုကလွဲနေမှာလေ အာ့ကြောင့် Chae ကသူတို့ကိုအဆင်ပြေစေချင်လို့ "
" အံမယ် မိ Chae စကားလုံးတွေကကြီးလှချည်လား...ဒါမဲ့နင်ပြောတာလဲမှန်ပါတယ် မဟုတ်ပဲနဲ့တော့အထင်မလွဲစေချင်ဘူး တဂယ်တော့ Kai ရယ် Jisoo ရယ် Jen ရယ်သုံးယောက်မှာ Jen ကသနားစရာပိုကောင်းတာ သူမသိလိုက်ပဲ အခြေအနေတွေကပြောင်းလဲသွားတယ် အဲ့နောက် ကံတရားအရ သူရွေးချယ်တဲ့လမ်းကိုဆက်လျှောက်ရတယ် ဟော နောက်ဆုံးကျတော့ Jisoo ကပြန်ပေါ်လာတယ် ဒါမဲ့သူက Kai ကိုသစ္စာမဖောက်ဘူး သူရှိစဥ်အတွင်းမှာ Jisoo ကိုပြန်လက်မခံခဲ့ဘူးလေ "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanficခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...