For Unicode
" JenJen ရေဒီနေ့အသင်းနေ့နော် နောက်ကျလို့မဖစ်ဘူး "
JiJi တစ်ယောက်စီးလာတဲ့စက်ဘီးလေးကို KIM စံအိမ်အရှေ့ရပ်လိုက်ရင်း စံအိမ်ထဲဝင်ကာအော်ပြောလိုက်သည်။
" ဟော Jisoo လေးတောင်ရောက်လာပြီလား ဒီနေ့စောတယ်နော် "
JenJen ကိုကျောင်းသွားဖို့အော်ခေါ်လိုက်တော့ JenJen ရဲ့ဖိုးဖိုး (Kim Jong-Gun) က ဧည့်ခန်းထဲမှာစာဖတ်နေရင်း JiJi ကိုပြောလာသည်။
" ဟုတ်တယ်ဖိုးဖိုး ဒီနေ့အသင်းနေ့မို့လေ စောစောသွားရမှာ ဒါနဲ့ JenJen မနိုးသေးဘူးလားဟင် "
" မြေးလေးကမနိုးသေးဘူးထင်တယ် Jisoo လေးရဲ့ အပေါ်တက်သွားကြည့်လိုက်လေ "
" ဟုတ်ဖိုးဖိုး ဒါဆို JiJi အပေါ်တက်သွားလိုက်ဦးမယ် ဒီဝက်ပေါက်လေးကတော့ အခုတစ်လောအိပ်ပုတ်ကြီးလာတယ် "
တစ်ယောက်ထဲပြောရင်း အပေါ်ပြေးတက်သွားတဲ့ Jisoo လေးကိုကြည့်ကာ ပြုံးလိုက်သည်။
တစ်ဦးတည်းသောမြေးလေးမို့ စိတ်မချတာကြောင့် တစ်ယောက်ထဲနေမယ်လို့ပြောလာတဲ့ Jen လေးကို သူ့အဖေဆုံးတဲ့နေ့မှစပြီး မရမက အမိန့်သုံးကာ KIM စံအိမ်ကိုခေါ်လာခဲ့သည်။ မိဘနှစ်ပါးလုံးနဲ့အဆက်အသွယ်ဖြတ်ထားပေမဲ့ တစ်ဦးတည်းသောကျန်တဲ့သွေးသားရင်းချာလေးမို့ Jen လေးကိုတော့ မျက်နှာမလွဲနိုင်ပါ။
အမေလုပ်တဲ့သူကလဲ လူမဆန်စွာမကြာခင်ကပင် Landon သို့မိသားစုလိုက်ပြောင်းရွေ့သွားခဲ့သည်။ တစ်ချိန်ကအမုန်းကြောင့် မိဘနှစ်ပါးလုံးကိုအဆက်အသွယ်မလုပ်ခဲ့ပေမဲ့ လောကအလယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ကောင်ကြွက်ဖစ်နေရှာတဲ့မြေးလေးကိုတော့ ဒီတိုင်းမထားရက်နိုင်ပါ။ အဖိုးတစ်ယောက်ဖစ်သည်မို့ ပိုင်ဆိုင်မှုအားလုံးကိုလဲ တစ်ဦးတည်းသောမြေးလေးဖစ်တဲ့ Jen လေးကသာဆက်ခံရမည်။
ဖိုးဖိုးကိုနှုတ်ဆက်ခဲ့ပြီး အပေါ်ထပ်မှာရှိတဲ့ JenJen အခန်းဆီဝင်လာခဲ့လိုက်တော့ ပေါက်စက တဂယ်ပဲအိပ်နေတုန်း ။ ချစ်စရာကောင်းစွာ ရဲရဲနီနေတဲ့ပါးလေးနှစ်ဖက်နဲ့ စောင်ပုံကြားထဲမြုပ်နေတဲ့သူမလေးကိုကြည့်ရင်း JiJi စိတ်ထဲထိန်းမထားနိုင်စွာထိတွေ့ချင်လာမိသည်။
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Hayran Kurguခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...