-30-

2.5K 301 99
                                    

For Unicode

" Chae... Chae.... ထတော့ဆို "

ဒီအိပ်ပုတ် Chaeyoung ကတော့ နှိုးနေတာ ငါးခါမကတော့ဘူး ခုထိကိုလှုပ်မလာဘူး အသက်ရောရှိသေးရဲ့လားမသိ...

" Yaa Park Chaeyoung........  "

" အားးးး နားကိုပူထူသွားတာပဲ Lisa ရာ "

Chae နားနားကိုကပ်ခါ အသံကျယ်ကြီးနဲ့ အော်လိုက်တာမို့ ခုနကထိတုတ်တုတ်မလှုပ်တဲ့ Chae က နားလေးကိုကိုင်ရင်း ချက်ချင်းငုတ်တုတ်ထထိုင်သည်...

" နင်ဘယ်လိုဖစ်လို့အတင်းနှိုးနေတာလဲဟာ... နှိုးရင်ဘဲလူလိုနှိုးပါလား ခုတော့ငါနားလေးကန်းပြီလားမသိဘူး "

" ကန်းပါစေပေါ့ နင့်ကိုငါနှိုးနေတာ ငါးခါမကတော့ဘူး နင်ကလှုပ်တောင်မလှုပ်ဘူးလေ "

" ငါးခါပဲရှိသေးတာလေ ဆယ်ခါမှမပြည့်သေးတာ... ပြီးတော့ ငါက အစောရီးဘာထလုပ်ရမှာလဲ နာရီကိုကြည့်ဦး 7 နာရီပဲရှိသေးတယ်လေဟာ "

" 7 နာရီမထရဘူးလို့ နင့်ကိုဘယ်သူပြောလဲ နင်ပဲရေသွားကစားမလို့ဆို "

" ငါလေဖြတ်သေတာကိုမြင်ချင်တာလား ဒီအချိန်ကြီးဘယ်သူကရေကစားလို့လဲဟာ Korea မှာဒီလောက်အေးတာ ဒီအချိန်ရေဆော့ရင် မာလကီးယားမှာပေါ့ "

တဂယ်က Chae ကိုဒါကြောင့်နှိုးတာမဟုတ် Li သိချင်တာရှိလို့သာ...

" ပြော ငါ့ကိုဘာကိစ္စနှိုးတာလဲ...
အကြောင်းပြချက်ခိုင်မာပါစေနော် မဟုတ်ရင် နင်ငါနဲ့တွေ့ပြီ "

" ခုနကပြောသလို နင်ရေကစားဖို့လေ "

" မဟုတ်ဘူး တခြားအကြောင်းပြ "

" အာ အဲ့တာက "

" ပြောနော် "

ဒေါသမျက်လုုံးနဲ့ စတင်ကြည့်လာပြီဖြစ်တဲ့ Chae ကြောင့်

" Kim Jisoo တို့ဘယ်သွားလဲလို့မေးမလို့လေ ငါနှိုးထဲက အိမ်မှာဘယ်သူမှမရှိလို့ "

" ဘာ Lisa ရယ် နင်အရူးလား...
ငါနင်နဲ့တူတူအိပ်နေတာလေဟာ သိမလားလို့
အာ ဒါနဲ့ ခုမှသတိရတယ် မနေ့ညက ညစာဝိုင်းမှာပြောတာတော့ နောက်နေ့ နေထွက်တာသွားကြည့်ရအောင်ဆိုလား ပြောသံကြားလိုက်သလိုပဲ အဲ့ကိုသွားတာဖစ်မှာ "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now