-39-

2.9K 312 240
                                    

For Unicode

ကျောင်းကပြန်ရောက်ထဲက နဲနဲပင်ပန်းသလိုလိုရှိတာမို့ ဆေးလိပ်လေးသောက်ကာ အမောအရင်ဖြေရသည်။ တစ်လိပ်ကုန်အောင်သောက်ပြီးတော့ လန်းသွားအောင်ရေချိုးရန်ရေချိုးခန်းထဲဝင်လာခဲ့သည်။

Li အခုမှကိုယ့်ကိုကိုယ်သေချာကြည့်မိတယ်... Chae တို့ပြောသလိုပဲ Li အရမ်းပိန်သွားတယ်... အရင်ကထက်ပိုကျလာတဲ့ မျက်တွင်း..ခပ်ဖောင်းဖောင်းရှိတဲ့ပါးလေးတွေရဲ့ တွဲကျသွားမှု နောက်ဆုံး စိုရဲရဲနှုတ်ခမ်းဖူးဖူးလေးက အရင်ကထက်ပိုညိုလာသယောင်ယောင်..ဒါဟာဆေးအစွမ်းလား...

ခဏကြာတော့ ကိုယ့်ကိုကိုယ်သေချာကြည့်ရင်း ဝေဖန်နေသမျှကိုအဆုံးသတ်လိုက်ကာ ရေချိုးပြင်ဆင်ပြီးအောက်ထက်ဆီဆင်းလာခဲ့သည်။

ဒီနေ့မှထူးထူးဆန်းဆန်းတစ်အိမ်လုံးတိတ်ဆိတ်လို့ပါလား... ခါတိုင်းထက်လဲပိုမှောင်နေသယောင်ယောင်၊ နာရီကိုတစ်ချက်ကြည့်လိုက်တော့
ညနေ လေးနာရီကျော်သာရှိသေးသည်။တွေးနေရင်းပင် လှေကားထစ်အတိုင်းဆင်းလာကာ အောက်ဆုံးအရောက်မှာတော့ ရုတ်တရက်ပေါ်လာတဲ့လူတစ်စုကြောင့် အံ့ဩသွားရသည်။

' Happy Birthday to you...
  Happy Birthday to you...
  Happy Birthday Dear Lisa...
  Happy Birthday to you...'

" Happy Birthday Lisa...  ပျော်ရွှင်စရာ 18 နှစ်ပြည့်မွေးနေ့လေးပါ..."

အားလုံးရဲ့ ပြိုင်တူအော်လိုက်သံအဆုံး Li တဂယ်ကို ဝမ်းသာသွားမိသည်။ ရှေ့မှာမြင်နေရတဲ့ ပန်းရောင်ကိတ်လေးကိုကြည့်ရင်း Li တဂယ်ကိုမေ့နေခဲ့တာ...ဒီနေ့က Li မွေးနေ့ဆိုတာကိုလေ...ဒါကိုသူတို့ကဘယ်လိုသိပြီး အခုလို surprise လုပ်ပေးလဲတော့မသိပေမဲ့ Li တဂယ်ကိုပျော်တယ်...

" ကိတ်ခွဲတော့လေ "

Chae ရဲ့ပြောသံကြားမှ လက်အုပ်လေးချီလိုက်ရင်း Li စိတ်ထဲအဖစ်ချင်ဆုံးဆုတစ်ခုကိုတောင်းလိုက်ကာ ကိတ်ခွဲခြင်းလုပ်ငန်းကိုစလိုက်တော့သည်။

ကြီးမေကနေစပြီး အဆင့်ဆင့်ကိတ်ခွံ့ကျွေးတဲ့လုပ်ငန်းအပြီးမှာတော့ လက်ဆောင်ပေးတဲ့ဆီကိုရောက်ရှိလာသည်။

" Lisa ရော့ နင့်အတွက်မွေးနေ့လက်ဆောင်...
နင်သိပ်ကြိုက်တဲ့ Canon တံဆိပ်ထဲကနောက်ဆုံးထွက်ပဲ...နင့်ကို camera လက်ဆောင်ပေးတာအကောင်းပေးတာမဟုတ်ဘူးနော် ငါ့ကိုဓာတ်ပုံရိုက်ပေးလို့ရအောင်လို့ "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now