For Unicode
တဂယ်ပဲ Li အခုတစ်လောဘာဖစ်နေတာလဲ? သူမအကြောင်းပဲတွေးနေမိသလို သူမကိုပဲမြင်ယောင်နေတယ်... အထူးသဖြင့် ဂျယ်ဂျူမှာတုန်းကရိုက်လာခဲ့တဲ့သူမပုံလေးကိုခဏခဏကြည့်နေမိတာ..
Li လေ ဘာလို့အခုလိုဖစ်နေလဲ Li မသိဘူး... တစ်ခါမှမဖစ်ဖူးတာမို့ ဘာခံစားချက်လဲ Li မဝေခွဲတတ်ဘူး...
Li သူ့ကိုချစ်မိနေတာလား? မဟုတ်နိုင်ပါဘူး ဘာလို့ဆို Li ကသူ့ကိုမုန်းတာလေ မုန်းတဲ့သူတစ်ယောက်ကချစ်လာဖို့ဆိုတာဖစ်မှမဖစ်နိုင်တာ...ပြီးတော့သူ့မှာချစ်သူလဲရှိတယ် Li မချစ်ပါဘူး သူ့ကို ဟုတ်တယ် မချစ်ဘူး...
ဒါဆိုဘာလို့လဲ... ဘာလို့ သူမကို အမြဲငေးကြည့်နေမိတာလဲ ပြီးတော့ ဘာလို့ သူမအပေါ်ခံစားနေရတာက အရင်နဲ့မတူရတာလဲ..
ဒါတွေအားလုံးက မှတ်မှတ်ရရ သူ့ကိုကူညီလို့ Li ကိုဆေးထည့်ပေးတဲ့နေ့က...
အဲ့နေ့ထဲကထူးခြားနေခဲ့တာ Li ကိုယ်တိုင်သတိမထားမိလောက်အောင် ထူးဆန်းနေခဲ့တာ...Li အတွက်အလိုမကျမှုတွေ... ပျော်သလိုလိုခံစားနေရမှုတွေကရော သူမကြောင့်ပဲလား အဲ့တာကရောဘာလို့လဲ..
မေးခွန်းပေါင်းများစွာရှိနေပေမဲ့ အဖြေကို Li ကမသိတာလား ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား....
ဘာပဲဖစ်ဖစ် သူ့လိုလူမျိုးကို Li ချစ်မိလို့မဖစ်ဘူး တွေးနေလို့လဲမဖစ်ဘူး...ဘာလို့ဆို Li သူ့ကိုမုန်းတယ် သူကသစ္စာမရှိတဲ့သူ... Appa အပေါ်မှာလဲသစ္စာမရှိဘူး ...Li Appa ကိုလက်ထပ်ပြီးတော့လဲ တခြားတစ်ယောက်နဲ့တွဲနေတာ... ဘာပဲဖစ်ဖစ် သူ့ကိုတော့ မဖစ်ဘူး..
" Yaa Lalisa...
ဒီမှာတစ်ယောက်ထဲ လာငိုင်နေတယ်ပေါ့လေ "အတွေးများနဲ့အလုပ်ရှုပ်နေကာ ခုံတန်းလေးနား တစ်ယောက်ထဲငိုင်နေချိန် ရောက်ချလာတဲ့ဟိုသုံးကောင်ကြောင့် အတွေးတွေဟာ ဘယ်ဆီလွင့်ပါးသွားမှန်းမသိ..
" Lisa ငါတို့အပြင်သွားရအောင် မုန့်သွားစားမလို့ "
" ကျောင်းချိန်ကြီးလေ ဘယ်ကိုသွားမှာလဲ "
" ကျောင်းမှမတက်သေးတာ နင်ကလဲ သွားလို့ရပါသေးတယ် မရတော့လဲဘာဖစ်လဲ ကျောင်းပြေးပြီး လျှောက်လည်ပစ်မှာပေါ့ ငါတို့အပြင်မထွက်ရတာကြာပြီလေဟာ "
YOU ARE READING
Starting With Bitterness (JENLISA // JENSOO)
Fanfictionခင်ဗျားကို Li သိပ်မုန်းတာပဲ။ Li သိပ်မုန်းတဲ့ခင်ဗျားကို သိပ်ချစ်နေမိပြီ။ မဖစ်နိုင်ဘူးဆိုတာနဲ့ပဲ Li ကနောက်ဆုတ်ပေးရမှာတဲ့လား။ ဟင့်အင်း Li အဆုံးထိရှေ့ဆက်တိုးနေမှာ....... မင်းနဲ့တို့ကမဖစ်သင့်တဲ့ စည်းတစ်ဖက်ကလူတွေပါ ကလေးငယ်။ မင်းဇွတ်မမိုက်ချင်စမ်းပါနဲ့။ မင...