-28-

2.3K 270 88
                                    

For Unicode

" မင်း တို့ကားနဲ့ပဲလိုက်မှာလား "

သောက်လက်စအဖြူရောင်ကော်ဖီခွက်လေးကိုစားပွဲခုံပေါ်တင်ရင်း ပြောလာတဲ့သူမကြောင့် Li အလျင်အမြန်ခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။

" Nae "

စကားပိုတွေသိပ်မပြောတဲ့သူမကပြောပြီးထထွက်သွားတာမို့ လွယ်အိတ်လေးကိုကောက်လွယ်ရင်း ကျောင်းသွားဖို့ သူမနောက်ဆီပြေးလိုက်ရသည်။

" အာ ဖိုင်တွဲကျန်ခဲ့တာပဲ...
ခဏစောင့်နော် "

ကားပေါ်တက်ပြီးကားစက်နှိုးခါနီးမှ ဖိုင်တွဲကျန်ခဲ့တာမို့ Li ကိုပြောကာ ကားပေါ်ကဆင်းရင်း အိမ်ပေါ်တက်သွားတဲ့သူမကိုမျက်စိတစ်ဆုံးကြည့်နေမိသည်...

တဂယ်ဆို Li ကိုသူမအခုလိုစကားပြန်ပြောတာ ငါးရက်! ငါးရက်ဆိုတဲ့အချိန်ပဲရှိသေးတယ်...

IU ကိစ္စနဲ့ပက်သက်ပြီးထဲက Li ကို အထက်တန်းတတိယနှစ်တစ်နှစ်လုံး သူမစကားမပြောဘူး ၊ အခု နောက်ဆုံးနှစ်ရောက်တော့လဲ လွန်ခဲ့တဲ့ငါးရက်က ကိစ္စလေးတစ်ခုကြောင့် Li ကိုအခုလိုစကားပြန်ပြောခြင်းသာ...

လွန်ခဲ့တဲ့ငါးရက်က ☘☘☘

ဟူးး 9 နာရီတောင်ထိုးပြီပဲ GiGi နဲ့ကလဲ သူ့ချစ်ချစ်အကြောင်းပြောပြနေတာနဲ့ အခုချိန်ထိရောက်မှန်းမသိရောက်လာခဲ့တာ..
ဘာပဲဖစ်ဖစ်ပါ ငါ့ကိုအရင်လိုဆူမဲ့သူမှမရှိတာ အေးဆေးပေါ့...

" မလာနဲ့နော်... ရှင်တို့ရှေ့တိုးမလာနဲ့... "

" ဘာတွေကြောက်နေတာလဲ ကိုယ်တို့ကဘာမှမလုပ်ပါဘူး "

" ပိုက်ဆံလိုချင်တာလား ရော့ အဲ့မှာယူလိုက် ရှေ့ကိုတိုးမလာနဲ့နော် "

Li ပြန်လာတဲ့လမ်းဟာ အနည်းငယ်မှောင်ရိပ်ကျပြီး လူပြတ်တာမို့ ကြားနေရတဲ့အသံတွေဟာလဲအတိုင်းသား ၊ အသံလာယာဆီကိုကြည့်လိုက်တော့လဲ ထုံးစံအတိုင်း မြင်ကွင်း....

GiGi ကလဲနေမကောင်းတာမို့ ကို့ဘာသာလမ်းလျှောက်ပြီးပြန်လာပါတယ်ဆိုမှ အခုတော့သွေးပူလေ့ကျင့်ခန်းလေးလုပ်ရဦးမှာပေါ့...

" ရှင်တို့ရှေ့တိုးမလာနဲ့နော်
ကျမအော်လိုက်မှာနော် "

" အော်လေ ကြိုက်သလောက်အော်...
ဒီလောက်လူပြတ်တဲ့လမ်းမှာ မင်းအော်လဲဘယ်သူမှသိမှာမဟုတ်ဘူး "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now