6 (U)

608 51 4
                                    

ကျောင်းရောက်တော့ ခါတိုင်းဆို ကျွန်တော့်အနားလာနေကျစံပယ်က အခုတော့ဖြင့် ထိုင်ရာက ထမလာခဲ့ဘူး။
ကျွန်တော်တို့နှစ်ယောက်အခန်းထဲဝင်လာတုန်းကလည်း ကျွန်တော်ကပြုံးပြပေမယ့် စံပယ်က မျက်စောင်းကြီးထိုးပြီး တစ်ဖက်သို့လှည့်သွားခဲ့တယ်။ကိုနေကတော့ဖြင့် စံပယ့်ကိုမြင်ဟန်ပင်မပေါ်ပါ။

မနေနိုင်တော့တဲ့ကျွန်တော်ကပဲ စံပယ့်ဆီကိုသွားလိုက်ရတော့သည်။
ကျောင်းတက်ချိန်မရောက်သေးတာ တော်သေးသည်ဟုဆိုရမည်။

"စံပယ်"

ကျွန်တော်ခေါ်လိုက်တော့ စံပယ်အခြားတစ်ဖက်သို့ လှည့်သွားသည်။သိလိုက်ပါပြီ။စံပယ် တစ်ခုခုကိုစိတ်ဆိုးနေတယ်ဆိုတာ။

ကျွန်တော့်ဘေးသို့ ကိုနေရောက်လာပြီးလျှင်
"သူက ဘာဖြစ်ရတာလဲ။"ဟု မေးဆက်၍မေးသည်။
ကျွန်တော်ကလည်း မသိဘူးလေဆိုသည့် သဘောဖြင့် ပုခုံးတွန့်ပြလိုက်သည်။
ကျွန်တော်မျက်နှာမကောင်းဖြစ်နေသည်ကို သတိထားမိတဲ့ ကိုနေက စံပယ့်ကို စကားလှမ်းပြောလိုက်သည်။

"ဟယ့် မိစံပယ်။ဒါက ဘာဖြစ်ရတာလဲ။နင်ဖြစ်တာက ကိစ္စမရှိဘူး။ဒီမှာ ငါ့ရဲ့ လရောင်လေးစိတ်မကောင်းဖြစ်နေပြီ။"

ထိုသို့ပြောတော့ စံပယ့်မှာ တရှူးရှူးဖြင့် ဒေါသတွေလွန်စွာထွက်နေလေရဲ့။ကျွန်တော်တို့နှစ်ယောက်မှာတော့ စံပယ်ဘာများဖြစ်နေသလဲဆိုပြီး အကဲခက်စောင့်ကြည့်နေရသည်။
ဒီကြားထဲ ကိုနေပြောလာတဲ့ စကားများကြောင့် ငိုရခက်၊ရယ်ရခက်ပင်။

"လရောင်လေး,အဲ့စံပယ်မ အပ,မှီနေတာများလားမသိဘူး။သူ့နားသိပ်မကပ်နဲ့။တော်ကြာထဖောက်နေရင် လရောင်လေးကို ထိနေလိမ့်မယ်။"တဲ့လေ…
သိပ်လည်း ပြောတတ်တဲ့ ကိုနေ။

ထိုစကားကိုကြားသွား၍လားမသိ။စံပယ်က ကျွန်တော်တို့ဘက်သို့လှည့်၍ ကျွန်တော်တို့နှစ်ယောက်အား တဖြန်းဖြန်းမြည်အောင်ရိုက်ပါတော့သည်။

"လူယုတ်မာတွေ၊အကျင့်မကောင်းတဲ့ဟာတွေ၊အွန့်…အွန့်…"

စံပယ်က ရိုက်လည်းရိုက်၊ပါးစပ်ကလည်း လျှောက်အော်နေသည်မို့ ကိုနေက ကျွန်တော့်အား အနောက်သို့‌ပို့ပြီးလျှင် စံပယ့်ပါးစပ်အားလက်ဖြင့်ပိတ်လိုက်သည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Where stories live. Discover now