16 (U)

450 24 0
                                    

ကျွန်တော်အိပ်ရာမှ တစ်ဖန်ပြန်နိုးလာတော့ ကျွန်တော့်ရင်ခွင်ထဲကိုတိုးဝင်အိပ်ပျော်နေတဲ့လရောင်လေးကိုတွေ့ရတယ်။ရင်တွေခုန်လိုက်တာကလည်း အရမ်းပါပဲ။နာရီကြည့်လိုက်တော့ ညနေ၄နာရီအချိန်ရှိပြီဆိုတော့ ဖေဖေလည်း အိမ်ပြန်ရောက်နေလောက်ရောပေါ့။
ဒါ့ကြောင့် အိမ်အောက်ထပ်ဆင်းဖို့ လရောင်လေးအား ခပ်ဖွဖွလေူဖယ်လိုက်ရင်း နဖူးလေးအား မြတ်နိုးစွာတစ်ချက်ခိုးနမ်းခဲ့မိလိုက်တယ်။ခပ်ရိပ်ရိပ်လေးပြုံးယောင်သန်းသွားတဲ့လရောင်လေးရဲ့ နှုတ်ခမ်းလှလှလေးအား‌မြင်ဖြစ်အောင်မြင်လိုက်ရပေမယ့် လရောင်လေးရှက်သွားမှာစိုး၍ ဒီတိုင်းမသိသလိုသာနေခဲ့လိုက်တယ်။
အောက်ထပ်ရောက်တော့ ဧည့်ခန်းထဲမှာမျက်နှာချင်းဆိုင်စကားပြောနေကြတဲ့ ဖေဖေနဲ့မေမေ့ကိုတွေ့ရတယ်။
ကျွန်တော့်ကိုမြင်သွားတဲ့ ဖေဖေကပဲ ကျွန်တော့်အား စကားဝိုင်းထဲသို့ပါဝင်စေခဲ့တယ်။

"ဖေဖေ့အလုပ်က အရေးတကြီး project တစ်ခုကြောင့် ဖေဖေရာထူးတိုးနဲ့ မန္တလေးကိုပြောင်းရမယ် သား။"

ဖေဖေ့ဆီကကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် နှလုံးသားဆီက နင့်နေအောင်အောင့်သွားရသည်။ကံကြမ္မာကြီးက သိပ်ရက်စက်တယ်ဗျာ။ကျွန်တော် လရောင်လေးကို ချစ်နေတယ်ဆိုတဲ့ခံစားချက်ကြီးကို ဒီနေ့မှ သေသေချာချာခံစားသိရှိလိုက်ရတာလေ။အခု ကျွန်တော်နဲ့လရောင်လေးကိုခွဲတော့မယ်ပေါ့။ဒါ့ကြောင့်မို့ လူတွေကပြောကြတာကိုး။
ကံကြမ္မာကြီးက အသံထွက်ပြီးရယ်ရလောက်အောင် ဟာသဆန်တယ်တဲ့။
ငယ်ငယ်ကလို မပြောင်းချင်လို့ ငိုယိုဂျစ်ကျပြီး ပေကပ်ကပ်လုပ်နေရအောင်ကလည်း ကျွန်တော့်အသက်အရွယ်နဲ့မအပ်စက်တော့ဘူးလေ။ဒါ့ကြောင့် တည်ငြိမ်နေဟန်နဲ့ အမေးစကားတစ်ခွန်းကိုသာ ဖေဖေ့အားမေးခဲ့လိုက်တယ်။

"ဘယ်တော့လဲ ဖေဖေ။"

"မနက်ဖြန်ပဲသား။"

ကျွန်တော့်မှာ ပြောနိုင်စရာစကားတစ်ခွန်းမှ မရှိတော့ပါဘူး။နေရာကနေပဲဖြေးဖြေးချင်းထရပ်လိုက်ပြီး ကျွန်တော့်အခန်းရှိရာ အပေါ်ထပ်သို့သာ စိတ်လက်လေးလံစွာတက်သွားခဲ့တော့တယ်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Where stories live. Discover now