20 (U)

506 28 0
                                    

ကျောင်းအပ်ဖို့ဖောင်ဖြည့်တော့ လူများတာကြောင့် တန်းစီရချိန် မေမေနဲ့သူငယ်ချင်းနှစ်ယောက်ကတော့ အဆောင်အပြင်ဘက်၌စောင့်နေကြသည်။တန်းစီနေတုန်းတွေ့လိုက်ရတဲ့ အရိပ်အရောင်တစ်ခု…
အင်္ကျီလက်ရှည်၊ဂျင်းဘောင်းဘီအရှည်၊ဦးထုတ်၊mask အပြည့်အစုံနှင့်ဆိုတော့ သေချာမမြင်ရပေမယ့် ကိုနေမှ ကိုနေဆိုတာ ကျွန်တော်သိသည်။ဒီအရပ်အမောင်း၊ဒီခန္ဓာကိုယ်အချိုးအစား၊ဒီအသားအရောင် ဟာ ကိုနေမှ ကိုနေဆိုတာ ရဲရဲကြီးအာမခံနိုင်အောင်ဖော်ပြနေသည်။
ကျိတ်ကျိတ်တိုးနေတဲ့ လူအုပ်ကြီးကြားညှပ်ပါသွားရ၍ ကိုနေ့နောက်ကို ဝမ်းနည်းစွာပြေးမလိုက်နိုင်ခဲ့ဘူး။
ဒီလိုပါပဲ…ကိုနေထွက်သွားပြီးတဲ့နောက်ပိုင်း ကိုနေဟာ ကျွန်တော့်အာရုံတွေထဲမှာ ထင်ပေါ်လာခဲ့ဖူးတာ အကြိမ်ကြိမ်ပါပဲ။
အတူတူထိုင်နေကျ ဒန်းလေးပေါ်မှာ တစ်ယောက်ထဲထိုင်နေတဲ့ပုံရိပ်တွေကို တွေ့မိတာမျိုး၊ဂစ်တာသံကြားရင် အလိုလိုဝမ်းနည်းလာမိတာမျိုး၊လေတိုးသံတွေအား ကိုနေရဲ့ လရောင်လေးလို့ ခေါ်နေသံတွေအဖြစ်ကြားယောင်နေမိတာမျိုး၊တစ်ခါတရံ ကိုနေ့ဆီက ရတတ်တဲ့ ကိုယ်သင်းနံ့လေးအား ရနေတတ်တာမျိုး၊ခြံထဲမှာစိုက်ထားတဲ့ ယိမ်းနွဲ့နေတဲ့စကားဝါပန်းပင်လေးအား ကိုနေဟု မြင်ယောင်နေမိတာမျိုး၊ညစဉ်အိမ်မက်တွေမှာ ကိုနေက သီချင်းဆိုချော့သိပ်နေတာမျိုး…ထိုထိုသော အမျိုးမျိုးအာရုံတွေမှာ ကိုနေကသာ အမြဲကြီးစိုးနေခဲ့တာပါ။
အခုလည်း အမြင်မှားတာဖြစ်ပါလိမ့်မယ်လို့ ယူဆမယ်ကြံရွယ်ထားပေမယ့် ခုနကပုံရိပ်လေးအား နောက်တစ်ကြိမ်ပြန်တွေ့မိလိုက်သည်။
ဖောင်ဖြည့်ပြီးသည့် ကျောင်းသားပုံစံဖြင့် ကျောင်းဝန်းထဲမှ ထွက်သွားတော့မည့် ကိုနေ့ရဲ့ပုံရိပ်ယောင်လေး။
ကျွန်တော်ထင်တာ မှန်နေပြီထင်ပါရဲ့။
Maskတပ်ထားပေမယ့် ခန့်မှန်းလို့ရတဲ့ ဒီမျက်နှာအချိုးအစား၊ဒီမျက်ဝန်းတွေ၊ဒီမျက်ခုံးမွေးထူထူတန်းတန်းတွေက ကိုနေမှ ကိုနေအစစ်ပါ။
ကျွန်တော် ပြေးလိုက်ပေမယ့် ခြေလှမ်းကျဲကြီးတွေဖြင့်လျှောက်သွားသူကိုနေ့အား Taxiကားတစ်စီးပေါ်တက်သွားသည်ကို မြင်လိုက်ရရုံမှအပ မတတ်နိုင်ခဲ့ဘူး။

"လရောင် ဘာဖြစ်လို့လဲ။"

နောက်မှ ပြေးလိုက်လာသူသုံးဦးထဲမှ စံပယ့်ဆီက ကြားရသည့်စကားသံ။

"ငါ…ငါ ကိုနေ့ကို တွေ့လိုက်ရတယ်။"

"ဘယ်လိုဖြစ်နိုင်မှာလဲ လရောင်ရယ်။
နေမင်းခက အခု မန္တလေးမှာလေ။
သူဒီကိုလာတယ်ဆိုဦးတော့ နင်တို့ဆီကို အရင်လာမှာပေါ့။နင် သိပ်အစွဲအလန်းကြီးလွန်းတယ် လရောင်။နေမင်းခကလေ အခုလောက်ဆို ဟိုမှာသူငယ်ချင်းအသစ်တွေရလို့ နင့်ကြိတောင် သတိရပါဦးမလားမသိဘူး။"

စံပယ့်ရဲ့နောက်ဆုံးစကားက ကျွန်တော့်ရင်ကို ဓားဖြင့်မွှန်းလိုက်သည့်နှယ်။
ကျွန်တော် ကိုနေ့ကိုယုံတယ်။
ကိုနေဟာ ဘယ်တော့မှာ ကျွန်တော့်ကို မေ့သွားမှာမဟုတ်ဘူးဆိုတာကိုလည်း အကြွင်းမဲ့ယုံကြည်တယ်။
ကျွန်တော်ဟာကိုနေ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါလို့ကိုနေကိုယ်တိုင်က ပြောခဲ့တာပဲလေ။

စံပယ့်ဆီက အားမလိုအားမရဖြစ်သည့်နှယ် စကားများကြားရပေမယ့် မေမေကတော့ ကျွန်တော့်လက်လေးအားနွေးထွေးစွာဆုပ်ကိုင်ပေးထားသည်။မြတ်သူကလည်း စံပယ့်အား သတိပေးနေသယောင်ရှိသည်။

အိမ်ပြန်ရောက်တော့ အခန်းထဲတန်းဝင်သွားလိုက်မိသည်။
ကျောင်းမှာတွေ့ခဲ့တာ ကိုနေမှ ကိုနေအစစ်ဆိုတာ တွေးမိပြန်တော့ စံပယ်ပြောတဲ့စကားများက နားထဲပြန်ဝင်လာသည်။
စံပယ်ပြောတာကလည်း ဟုတ်နေတာပဲကိုး။ကိုနေက အခု မန္တလေးမှာလေ။ကျွန်တော်ကိုက အစွဲအလန်းကြီးနေတာပါ။
အခန်းပြတင်းပေါက်လေးမှ အိမ်ရှေ့ကိုကြည့်မိတော့ ခုနကတွေ့ခဲ့တဲ့ ကိုနေ့ရဲ့အရိပ်အယောင်လေး။
သေချာပါတယ်။ကိုနေမှ ကိုနေ။
အိမ်ရှေ့ကြီးမှာ ဘာရပ်လုပ်နေတာပါလိမ့်။
အောက်ထက်ကို အမြန်ဆင်းလိုက်ပေမယ့် အောက်ထပ်ရောက်တော့ ကိုနေ့ကို မတွေ့ရတော့။
အိမ်အတွင်းထဲမှာတော့ ကိုနေ့ရဲ့အငွေ့အသက်လေးတွေကို ခံစားမိသည်။
ကျွန်တော် ရူးတော့မည်ထင်ပါရဲ့ဗျာ။

မေမေက သီချင်းလေးတိုးတိုးလျလျညည်းဆိုရင်း ဟင်းချက်နေသည်။

"မေမေ ဘာတွေများ ပျော်စရာရှိလို့လဲ။
ဘာလဲ ရာထူးတိုးသွားလို့လား။"

ကျွန်တော့်အသံကြားတော့ နောက်လှည့်ကြည့်လာသည့်မေမေ။မေမေ့အပြုံးတွေက အရင်ကလို ခပ်ရေးရေးလေးမဟုတ်တော့။ရွှန်းဝေနေသည်။မေမေက ကျွန်တော့်အမေးကို တစ်ဖက်သို့ပြန်လှည့်၍ဖြေသည်။

"ဪ သားလေးတောင် တက္ကသိုလ်တက်ရတော့မှာပဲလို့ တွေးမိတော့ ကြည်နူးမိလို့ပါ သားရယ်။"တဲ့။

ထိုညက ကျွန်တော် အိမ်မက်မက်တယ်။
အိမ်မက်ထဲမှာ ကိုနေက ကျွန်တော့်နှုတ်ခမ်းတွေကို နင့်နင့်သည်းသည်းနမ်းရှိုက်နေသည်တဲ့။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Donde viven las historias. Descúbrelo ahora