17 (U)

440 27 0
                                    

"အနောက်မြောက်တိုင်းဒေသကြီးမုံရွာမြို့မှ နှုတ်ခွန်းဆက်သပါ၏" ဆိုတဲ့ မုခ်ပေါက်ကြီးက ရင်အစုံကိုအစိမ်းလိုက်ခွဲနေသည့်နှယ် တဆစ်ဆစ်နာကျင်ရသည်။အခုချိန်ဆို လရောင်လေးလည်း သိပြီးလောက်ရောပေါ့။လရောင်လေး ဘယ်လိုများဖြစ်နေရှာမလဲ။
ကျွန်တော့်ကိုတမ်းတနေရှာမလား။
ဒါမှမဟုတ် သာမာန်အခြေအနေလောက်ပဲလား။
ရင်နာစွာဆုတောင်းမိသည်ကား
လရောင်လေး ကျွန်တော့်ကြောင့် မခံစားရပါစေနဲ့ဟုပါ။

"သား…"

ဘေးက မေမေကခေါ်လာတော့ ကျွန်တော်လှည့်ကြည့်ဖြစ်သည်။
မေမေက ကျွန်တော့်အား သူ့ရင်ခွင်ထဲထည့်ဖက်တော့ မာကျောဟန် တင်းခံဟန်ဆောင်ထားသမျှဟာ ပွင့်ထွက်၍လာရသည်။
မေမေ့ရင်ခွင်ထဲမှာ အသံတိတ်ရှိုက်ငိုမိသည်။မေမေကလည်း ကျွန်တော့်ခေါင်းလေးအားပွတ်သက်ပေးရင်း သူကိုယ်တိုင်ကလည်း ငိုကောင်းငိုနေပေလိမ့်မည်။

"လရောင်လေးကို သိပ်လွမ်းတာပဲ မေမေရယ်။"

ကျွန်တော်ကပြောတော့ မေမေက ကျွန်တော့်ခေါင်းလေးအား ခပ်ဖွဖွလေးမ၍ မေမေသိနေပါတယ်ဆိုတဲ့ ရီဝေတဲ့အကြည့်မျိုးနဲ့ကြည့်လာတယ်။ပြီးတော့ မေမေ့နှုတ်ဖျားက ထွက်လာတဲ့စကားဟာ…

"သားလရောင်အပေါ် သားသံယောဇဉ်ကြီးတာမေမေနားလည်ပါတယ်။"

မေမေ့အား ညံ့သက်တဲ့အကြည့်မျိုးနဲ့ လရောင်လေးအပေါ်ထားရှိတဲ့ကျွန်တော့်ရဲ့ခံစားချက်တွေကို မျက်လုံးနဲ့ပြောပြမိသည်။
မေမေကလည်း ခပ်ရေးရေးလေးကြည့်ကာ ခပ်သာသာလေးခေါင်းငြိမ့်ပြသည်။မေမေနားလည်ပါတယ်ဆိုတဲ့ သဘောမျိုး။
ရှေ့ကကားမောင်းနေတဲ့ ဖေဖေ့မှာလည်း နောက်ကြည့်မှန်မှတစ်ဆင့်ကျွန်တော်တို့သားအမိအားကြည့်၍ စိတ်မကောင်းဖြစ်နေဟန်ရှိသည်။

(လရောင်ဖြာ's pov)⏬

ကျွန်တော် အိပ်ရာကနိုးထလာချိန်မှာတော့ အချိန်အားဖြင့် မနက်၁၀နာရီရှိနေလေပြီ။မနေ့ညက ညသန်းခေါင်လောက်မှ အိပ်ဆေးသောက်ပြီးအိပ်ခဲ့ရတာဆိုတော့ မနက်ကျစောစောမထနိုင်ခဲ့ဘူး။
ဒီနေ့က ရုံးဖွင့်ရက်ဆိုတော့ မေမေလည်းဒီအချိန်ဆို အိမ်မှာရှိနေမည်မဟုတ်။
မနေ့က ကိုနေ,နေမကောင်းသည်မို့ ဆက်မလည်တော့ဘဲ အိမ်ပြန်ခဲ့လိုက်ရသည်။ဒါ့ကြောင့် ဒီနေ့တော့ ကိုနေနဲ့အတူ လျှောက်လည်ဖို့ စဉ်းစားမိတော့ စိတ်အစဉ်ဟာ ကြည်နူးပီတိဖြစ်ရသည်။စိတ်ကူးနဲ့ပုံဖော်ကြည့်ရသလောက်ပင် အတော်ပျော်ဖို့ကောင်းနေပြီဖြစ်သည်။
ကိုနေ့ကလည်း ကျွန်တော်ပြောရင် တစ်ခွန်းပဲမို့ လျှောက်လည်ဖြစ်ဖို့က ၁၀၀ရာခိုင်နှုန်းသေချာသည်။
မျက်နှာသစ်၊သွားတိုက်ရင်း တစ်ခါတည်းရေချိုးလိုက်သည်။ရေချိုးပြီးပြန်တော့လည်း အဝတ်အစားရွေးခြင်းကိစ္စက အလုပ်ရှုတ်ရပါသေးသည်။
ကိုနေဆိုတဲ့ ကျွနတော်ချစ်ရတဲ့လူကြီးနဲ့ လျှောက်လည်ရမည်ပဲမဟုတ်ပါလား။
အားလုံးထဲမှ အဆင်အပြေဆုံးလို့ယူဆရတဲ့ ပန်းရောင်ဖျော့ဖျော့အင်္ကျီလေးနဲ့ဒူးဖုံးရုံလောက်ထိတိုတဲ့ ဂျင်းဘောင်းဘီအတိုလေးအား ရွေးချယ်ဝတ်ဆင်လိုက်သည်။
နဂိုပန်းရောင်သန်းနေတဲ့ အသားအရေလေးမို့ ပန်းရောင်အင်္ကျီလေးက ကိုယ်ပေါ်မှာ ပန်းနံသင့်လှသည်။
ပေါင်ပေါ်တဲ့ဘောင်းဘီမျိုးတွေဝတ်ရင် မကြိုက်တတ်တဲ့ကိုနေက ဒီလို ဒူးဖုံးရုံလောက်ဘောင်းဘီအတိုမျိုးဆိုရင်ရော ကြိုက်ပါ့မလား။ဒါပေမယ့် နွေရာသီဆိုတော့ ရာသီဥတုကလည်း အတော်ပူသည်။ဘောင်းဘီအရှည်တွေလည်းမဝတ်ချင်တာကြောင့် ဒီအတိုင်းလေးသာ ထားလိုက်တော့သည်။ပြင်းရှရှအနံ့အသက်တွေဆို နှာခေါင်းရှုံ့တတ်တဲ့ကိုနေက ကျွန်တော့်ကိုယ်သင်းနံ့လေးကိုတော့ ကြိုက်သည်တဲ့လေ။ဒါ့ကြောင့်ဆွတ်ဖျန်းနေကျ သနပ်ခါးရေမွှေးလေး ခပ်သင်းသင်းအနေအထားလေးဆွတ်ဖျန်းလိုက်သည်။
ခေါင်းလိမ်းဆီအဖြစ်ကတော့ ကိုနေကြိုက်တတ်တဲ့ အုန်းဆီလေးကိုသာ ခပ်ပါးပါးလေးလိမ်းဖြစ်သည်။
မျက်နှာနဲ့ခန္တာကိုယ်အတွက်ကတော့ သုံးနေကျ နို့ Creamလေးကို လိမ်းဖြစ်သည်။
အားလုံးပြင်ဆင်သွားပြီးတဲ့နောက် မှန်မှတစ်ဆင့်မြင်နေရတဲ့ ကိုယ့်ပုံရိပ်အားကြည့်၍ အတော်ကျေနပ်သွားသည်။
အတော်ချစ်စရာကောင်းတဲ့ငါလေးပဲ။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Where stories live. Discover now