24 (U)

594 25 0
                                    

ငါးနှစ်ခန့်ကြာပြီးသည့်နောက်…

မနက်ဖြန်ဆို ကျွန်တော်နဲ့လရောင်လေး နှစ်ယောက်အတူ ဘဝသစ်တစ်ခုကိုထူထောင်ရတော့မယ်။ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လက်ထပ်ကြတော့မယ်ပေါ့ဗျာ။
ချစ်သူသက်တမ်းငါးနှစ်တာကာလပတ်လုံးလည်း တစ်ဦးပေါ်တစ်ဦး ဖေးမကူညီပြီး နားလည်မှုရှိရှိတွဲလက်မြဲနိုင်ခဲ့ကြပါတယ်။
အခုဆို စံပယ်နဲ့မြတ်သူနဲ့ကလည်း လက်ထပ်ပြီးကြပြီလေ။ကျွန်တော်နဲ့လရောင်လေးလည်း ဘွဲ့ရလို့ လုပ်ငန်းခွင်တောင်ဝင်နေကြပြီ။
ကျွန်တော်တို့မိသားစုလည်း ဒီအလုံမြို့လေးမှာပဲ အခြေကျနေခဲ့ပြီ။
မိဘချင်းကလည်း အဆင်ပြေ၊ကျွန်တော်တို့ချစ်သူနှစ်ဦးကလည်း ရင်ခုန်သံချင်းထပ်တူကျနေခဲ့တာမို့ ဒီမင်္ဂလာပွဲလေးက အဆင်ချောနေခဲ့ပါတယ်။
မင်္ဂလာအစီအစဉ်အနေနဲ့ကတော့ မနက်ခင်းမှာ ရပ်ကွက်ထဲကဘုန်းကြီးကျောင်းမှာ မင်္ဂလာအရုဏ်ဆွမ်းကျွေးမယ်။နေ့ခင်းမှာတော့ မြို့ထဲကမိဘမဲ့ဂေဟာမှာ နေ့လည်စာ အာဟာရဒါနပြုမယ်။
ညနေမှာတော့ ကျွန်တော်တို့ခြံထဲမှာ ရင်းနှီးတဲ့မိတ်ဆွေ၊သူငယ်ချင်းတချို့နဲ့ ညစာစားပွဲလေးလုပ်မယ်။ဒီလောက်ပါပဲ။
ဒီလောက်ပဲဆိုတာတောင် အတော်ပင်ပန်းရတယ်ဗျ။

မေမေတို့လူကြီးတွေကတော့ မနက်ဖြန် ရပ်ကွက်ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ်ဖို့ မနက်ကတည်းက သွားရောက် ချက်ပြုတ်ပြင်ဆင်ရသည်။
စံပယ်နဲ့မြတ်သူကိုတော့ ညနေ ညစာစားပွဲအတွက် အိမ်မှာတာဝန်ပေးထားခဲ့သည်။
အလုပ်အရှုတ်ဆုံးကတော့ ကျွန်တော်နဲ့လရောင်လေးပါပဲ။
ပထမဦးဆုံး မနက်ဖြန်ဝတ်ဖို့ အပ်ထားတဲ့ဝတ်စုံတွေကို သွားယူရသည်။ထိုမှအပြန် မနက်ဖြန်နေ့လည်စာဒါနပြုဖို့ပြောထားသည့် မိဘမဲ့ဂေဟာသို့လည်း တစ်ခေါက်ဝင်ပြီးကြည့်ရသေးသည်။

မိဘမဲ့ဂေဟာသို့ ဝင်ဝင်ချင်းတွေ့လိုက်ရတာက ကျောက်သင်ပုန်းတစ်ခု။ထိုကျောက်သင်ပုန်းပေါ်မှာရေးထားတာလေးက

"မောင်နေမင်းခ+မောင်လရောင်ဖြာ
နေ့လည်စာအာဟာရဒါန ကောင်းမှု
နတ်လူသာဓုခေါ်စေသော်"တဲ့လေ…

ဂေဟာအတွင်းမှာလည်း ချက်ပြုတ်ဖို့ ပြင်ဆင်သူကပြင်ဆင်နှင့် ပြုံးပျော်နေကြသည်။
ဘုန်းကြီးတစ်ပါးဟောကြားတော်မူတဲ့ တရားတော်တစ်ပုဒ်အတိုင်း…
အကုသိုလ်ဆိုတာ မပွားများဘူး။
ငါဒီအကုသိုလ်ကံကိုပြုလုပ်မိလေခြင်းလို့တွေးမိတိုင်းပူလောင်ရတယ်။အကုသိုလ်ဆိုတာ ကိုယ့်ဘေးမှာရှိတဲ့လူတွေထိပါ ‌ပူလောင်ရတယ်။
ကုသိုလ်ကတော့ ပွားများတတ်တဲ့သဘောတရားရှိတယ်။
ငါဒီကုသိုလ်ကံကိုပြုလုပ်ရတဲ့အတွက် ပီတိဖြစ်လိုက်တာ။ကြည်နူးလိုက်တာ… လို့တွေးမိတိုင်း ကိုယ့်မှာ ကုသိုလ်တွေအမြဲတိုးပွားနေရတယ်။ကုသိုလ်ဆိုတာ ‌ကိုယ့်ဘေးမှာရှိတဲ့လူတွေကိုပါ အေးချမ်းပီတိဖြစ်စေတယ်တဲ့။
အခုကျွန်တော်တို့လည်း ကြည်နူးပီတိဆိုတဲ့အရာကိုခံစားမိနေပြီနဲ့တူပါတယ်။
ကိုယ့်အလှူအတွက် ပျော်ပျော်ပါးပါးလုပ်ကိုင်ပေးနေတဲ့သူလေးတွေကိုတွေ့ရတော့ ကြည်နူးမှုကလှိုက်ကနဲ။
မနက်ဖြန်ဆို ကျွန်တော်တို့ဒါနပြုသည့် အာဟာရဒါနကို ကလေးငယ်လေးတွေ အားပါးတရစားကြမယ့် အတွေးပုံရိပ်လေးတွေကို စဉ်းစားမိတော့ ကြိုပြိးပီတိဖြစ်ရပါတယ်။
‌ဤကောင်းမှုတို့၏အဖို့ပါကအစုစုတို့အား လရောင်လေးနဲ့အတူ လက်တွဲဖော်အဖြစ်ညီတူမျှတူလုပ်ခွင့်ရတဲ့ခံစားချက်မျိုးကလည်း ကြည်နူးပီတိဖြစ်မှုတွေကို ထပ်လောင်းဖြည့်စွက်ပေးနေတဲ့ ‌ဝမ်းမြောက်ပျော်ရွှင်မှုအလားပါပဲ။

အိမ်ပြန်ရောက်တော့ ညနေ နေဝင်ပျိုးစတောင်ပြုနေပြီ။
ခြံထဲမှာလုပ်ဖို့ကျန်တဲ့အလုပ်လေးတွေကို ဝိုင်းကူလုပ်ပေးရင်း မိုးချုပ်သွားခဲ့ရသည်။

ပင်ပန်းနေပြီမို့ သွားအိပ်တော့မယ့် ကျွန်တော်တို့ကို လူပျိုနောက်ဆုံးညဟုဆိုကာ သူငယ်ချင်းတစ်စုက ဇွတ်တားထားတာကြောင့် အောင့်အီးနေပေးလိုက်ရသည်။
လရောင်လေးကတော့ မရတော့ဘူထင်၏။
ကျွန်တော့်ပုခုံးပေါ်မှီ၍အိပ်နေရှာသည်။
အိပ်ပျော်နေရှာတဲ့ လရောင်လေးရဲ့ နဖူးပေါ်သို့ ဝဲကျနေသည့် ဆံပင်လေးတွေအား ပင့်သင်ပေးတော့ အားလုံးသောလူသူများက ပွဲကျစွာအော်ကြသည်။
မြတ်သူကလည်း အတော်မူးနေပြီဖြစ်သလို စံပယ်ကလည်း လာရောက်ကူညီတဲ့သူတွေကို ဧည့်ခံပေးရင်း အလုပ်ရှုတ်နေရှာသည်။

သန်းခေါင်အချိန်လောက် အားလုံးလည်းပြန်သွားချိန်မှ ကျွန်တော်လည်းလရောင်လေးကို ပွေ့ချီ၍ အိပ်ခန်းဆီသို့သွားလိုက်တော့၏။
မနက်ဖြန်မှာ ကျွန်တော့်ရဲ့အိမ်သူလေးဖြစ်တော့မယ့် သတို့သားလောင်းလေးအား နှုတ်ခမ်းသို့ အကြင်နာအနမ်းလေးပေးလိုက်ရင်း ရင်ခွင်ထဲထွေးပွေ့လျက် အိပ်စက်ခြင်းဆီသို့။
သိပ်ချစ်ရပါတယ် ကိုနေ့ကဲ့ သတို့သားလောင်းလေးရေ….။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Où les histoires vivent. Découvrez maintenant