12 (U)

466 30 0
                                    

ဒီနေ့က ကျွန်တော်တို့ ဆယ်တန်းစာမေးပွဲနောက်ဆုံးဖြေရတဲ့ရက်ပဲ။
ကျွန်တော်နဲ့လရောင်လေးက အခု ချင်းတွင်းမြစ်ကြီးဘေးကိုရောက်ရှိနေရတာပါ။
ရောက်ရှိနေရခြင်း အကြောင်းကတော့ စံပယ်နဲ့မြတ်သူတို့ကို ဤနေရာ၌စောင့်နေခြင်းပါ။
စာမေးပွဲနောက်ဆုံးရက်မှာ သူငယ်ချင်းတွေလျှောက်လည်ကြမယ်လို့တိုင်ပင်ထားရာ ယခုချင်းတွင်းမြစ်ဘေး၌ ဆုံစည်းကြဖို့အတိုင်အဖောက်လုပ်ထားကြခြင်းဖြစ်သည်။

မြစ်ဆိပ်ဖြစ်ရာ ဇတ်၊သင်္ဘောများနှင့် ကုန်ထမ်းအလုပ်ကြမ်းသမားများအပြင် ခရီးသည်များ၊ဈေးသည်အမျိုးသမီးများကိုပါ တွေ့ရသည်။
လူရှုတ်တဲ့နေရာတွေဆို မကြိုက်တတ်တဲ့ လရောင်လေးကြောင့် လူရှင်းရာနေရာလေးတစ်ခုမှသည် ဟိုလိပ်နှစ်ကောင်အားစောင့်ဆိုင်းနေရခြင်းဖြစ်သည်။

"လရောင်လေး။"

ဆိုင်ကယ်အား မြစ်ဆိပ်နှင့်မလှမ်းမကမ်းတစ်နေရာတွင်ရပ်ထားလိုက်ပြီး ကျွန်တော်တို့နှစ်ယောက်ကတော့ ဆိုင်ကယ်ဘေးက သစ်ရိပ်တစ်နေရာမှာထိုင်နေခြင်းပါ။ကျွန်တော်ကခေါ်လိုက်တော့ လရောင်လေးကလည်း ကျွန်တော့်အားလှည့်ကြည့်လာသည်။

"ဗျာ ကိုနေ။"

"ရေခဲမုန့်စားချင်လား။"

ရေခဲမုန့်ဆိုတာနဲ့ တလတ်လတ်အရောင်တောက်သွားတဲ့ လရောင်လေးရဲ့မျက်ဝန်းတွေကိုတွေ့လိုက်ရသည်။သိပ်လည်း ကလေးဆန်တဲ့ ကိုနေ့ရဲ့ကလေးလေးပါလေ။
ခေါင်းတဆက်ဆက်ငြိမ့်ပြနေတဲပ လရောင်လေးရဲ့ခေါင်းအား ခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်ပြီး ရေခဲမုန့်သည်ကြီးဆီသို့ထွက်လာခဲ့လိုက်သည်။

ရေခဲမုန့်တစ်ခုဝယ်လာတဲ့ ကျွန်တော့်အား လရောင်လေးက ဆူပုတ်ပုတ်လေးနဲ့လှမ်းကြည့်နေသည်။
ဟောဗျာ…ဒါကရော ဘာဖြစ်ရပြန်တာလဲ။
ဝယ်ယူလာတဲ့ ရေခဲမုန့်လေးအား လရောင်လေးထံသို့ပေးအပ်လိုက်တော့…

"ကိုနေကရော…
ကိုနေ့အတွက်ကျ မပါဘူးလား။
ပိုက်ဆံမလောက်လို့လားဟင်။
လရောင်ပေးမယ်လေ။
ကိုနေ့အတွက် သွားဝယ်လိုက်ပါလား။"

ဪ…တယ်လည်းချစ်စရာကောင်းတဲ့ ကလေးလေးပါလား။ကျွန်တော့်အတွက်မပါဘဲ တစ်ခုထဲဝယ်ခဲ့ရခြင်းရဲ့အကြောင်းတရားကို သူလေးတကယ်မသိလေရော့သလား။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Dove le storie prendono vita. Scoprilo ora