13 (U)

501 31 0
                                    

ကျွန်တော်တို့ ပထမရောက်ဖြစ်သည်က ရွှေတောင်ဦးဘုရားသို့ပင်…
ရွှေတောင်ဦးဘုရားသို့မရောက်မီ ချင်းတွင်းမြစ်ကူးတံတား(အလုံတံတား)ပေါ်တွင်တော့ ကျွန်တော်မောင်းနှင်တဲ့ဆိုင်ကယ်နောက်မှသည် လက်နှစ်ဖက်အားဆန့်တန်းလျက်စိတ်လွတ်လက်လွတ်ပျော်နေရှာတဲ့လရောင်လေး။
ဆန့်တန်းထားတဲ့လက်လေးတွေအားတစ်ခုခုနဲ့ထိခိုက်မိမည်စိုး၍ ကျွန်တော်ကပဲ လက်နောက်ပြန်လှမ်းဆွဲပြီး ကျွန်တော့်ခါးကိုဖက်ထားစေလိုက်တယ်။
နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်လိုက်ရင်ကိုပဲ ပြုံးပျော်နေတဲ့လရောင်လေးမျက်နှာဟာ သိပ်ကိုချစ်ဖွယ်အတိပါ။
နောက်တော့ လရောင်လေးက ကျွန်တော့်ကျောပေါ်သို့ခေါင်းလေးမှီ၊ခါးကိုဖက်ရင်းနဲ့လိုက်ပါခဲ့တော့သည်။

ရွှေတောင်ဦးဘုရားသို့ရောက်လျှင် ဘုရားအားမြန်မြန်ကြီးကန်တော့ပြီး အလျှင်စလိုထွက်သွားတဲ့လရောင်လေးနောက်သို့ ကျွန်တော့်မှာ အမှီပြေးလိုက်ရသေးသည်။ဟိုနှစ်ကောင်ကတော့ သူတို့နှစ်ယောက်ထဲတစ်ကမ္ဘာထင်နေကြတာမို့ ဂရုစိုက်မနေတော့ဘူး။

"ကိုနေ  ကိုနေ လာကြည့်ပါဦး။
မျောက်လေးတွေရော၊သမင်လေးတွေရော၊ဝက်ဝံလေးတွေရော။"

ဪ…ဒီကလေးလေးတစ်ယောက်နဲ့တော့ ခက်ပါတယ်။ဒီအကောင်လေးတွေကြည့်ချင်တာနဲ့ ဘုရားကို အမြန်ကန်တော့ပြီး ပြေးထွက်သွားရတယ်လို့။တော်ကြာ ပြေးရင်းနဲ့ချော်လဲမှဖြင့် ဒီကလူကြီးကပဲ စိတ်ပူရဦးမယ်ဆိုတာ ဒီ‌ကလေးလေးမသိတာလည်းမဟုတ်ဘူး။

"ဟုတ်ပါပြီ လရောင်လေးရယ်။
ဒီကိုလာချင်တာများ ကိုနေ့ကိုပြောရောပေါ့။
နောက်တစ်ခါဆိုအခုလို ပြေးမသွားနဲ့နော်။
ချော်လဲလို့ ထိခိုက်မိရင် လရောင်လေးရဲ့ အသားနုနုလေးတွေ ပွန်းပဲသွားမှာစိုးလို့။"

ပန်းရောင်သမ်းလာတဲ့ လရောင်လေးမျက်နှာအား လက်နှစ်ဖက်ဖြင့်ခပ်ဖွဖွလေးအုပ်မိုးကိုင်လိုက်ပြီးလျှင်တွေးမိသည်ကား…လရောင်လေးရဲ့အသားအရေတွေက ဘာလို့များဒီလောက်ထိနုညံ့နေရသလဲဆိုတာပါပဲ။
နေပူထဲသို့ခဏလေးထွက်ကာရှိသေး ရဲလာတဲ့ အသားအရေဟာ တော်ရုံနုညံ့မှုမျိုးမှမဟုတ်တာ။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Hikayelerin yaşadığı yer. Şimdi keşfedin