4 (Z)

96 5 0
                                    

အချိန်တွေကုန်တာမြန်လိုက်တာ...
အခုဆို ကျွန်တော်တို့တောင် ၇တန်းကျောင်းသားအရွယ်ရောက်နေကြပြီလေ...။ကုန်ဆုံးသွားခဲ့တဲ့ ၃နှစ်ကျော် ၄နှစ်အတွင်း ပျော်ရွှင်ခဲ့ရပါတယ်။လရောင်လေးကြောင့်ဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။

ဒီနေ့က စနေနေ့ဆိုတော့ ကျွန်တော်တို့ကျောင်းသားတွေအတွက် ကျောင်းပိတ်ရက်ဖြစ်ပေမယ့် ဝန်ထမ်းတွေဖြစ်တဲ့ ဖေဖေနဲ့ လရောင်လေးအမေကတော့ ရုံးသွားရတယ်။ကျွန်တော့်မေမေကတော့ တစ်အိမ်လုံးရဲ့ကိစ္စဝိစ္စတွေနဲ့အလုပ်ရှုတ်နေ၏။ဒါ့ကြောင့် မေမေ့အားအလုပ်မပိုစေဖို့ ကျွန်တော်နဲ့လရောင်လေးကတော့ ခြံထဲမှာကစားနေခဲ့တယ်။
လရောင်လေးကတော်လိုက်တာ။သူဆွဲထားတဲ့ ပန်းချီလေးတွေဆိုသိပ်လှတယ်။အခုရော မြက်ခင်းပေါ်ထိုင်ပြီး ဘာပုံတွေများဆွဲနေပါလိမ့်။ကျွန်တော့်ကိုလည်းမပြဘူး။ကျွန်တော်ကတော့ ဒန်းလေးပေါ်မှာ ဂစ်တာလေးနဲ့ညိမ့်နေတယ်ဗျ။နွေရာသီကျောင်းပိတ်ရက်တုန်းက ဖေဖေ့ဆီမှသင်ထားတဲ့ ဂီတာတီးတတ်ခြင်းက အခုလို‌ပျင်းစရာကောင်းတဲ့ကျောင်းပိတ်ရက်မျိုးမှာ တကယ်အသုံးဝင်လှသည်။

"လရောင်ရေ...ငါလာတယ်ဟေ့။"

ဟော...လာပါပြီဗျာ။စံပယ်ဆိုတဲ့ မိန်းကလေး။
ဪ...ဒါနဲ့ ကျွန်တော်ပြောဖို့မေ့သွားတယ်။အခုနှစ်ထဲ...ကျွန်တော်တို့မှာ သူငယ်ချင်းတစ်ယောက်တိုးလာခဲ့တယ်။နာမည်က စံပယ်တဲ့။
စံပယ်ကနာမည်လေးနဲ့လိုက်အောင် ပန်းကလေးတစ်ပွင့်လို တကယ်လှတယ်။မိန်းမလှလေးတွေဆို သဘောကျတတ်တဲ့ကျွန်တော်က စံပယ့်ကိုတော့ သိပ်သဘောမကျမိဘူး။ဘာလို့ဆို...သူက လရောင်လေးအနားသိပ်ကပ်လွန်းတယ်။လရောင်လေးကိုဆို အမြဲထိကပါး၊ရိကပါးနဲ့။
မိန်းကလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားလေးတစ်ယောက်နဲ့ ဒီလိုလက်ပွန်းတတီးနေတာကြီးကို တကယ်သဘောမကျပါဘူး။

လရောင်လေးကရော...
တော်ရုံဆို အပေါင်းအသင်းသိပ်မလုပ်တတ်တဲ့ လရောင်လေးကလည်း စံပယ်နဲ့ဆို ပြုံးဖြီးနေတာပဲ။ဖော်ရွေတတ်တယ်ဆိုတာသိပေမယ့် ဘယ်သူနဲ့ပဲယှဉ်ယှဉ် ကျွန်တော့်ကိုဆို အမြဲပိုသာပေးတတ်တဲ့ လရောင်လေးက စံပယ့်ကို ကျွန်တော်နဲ့တန်းတူ ဆက်ဆံပေးတာကို တကယ်မကျေနပ်ပါဘူး။
မပြောသေးဘဲကြည့်နေတာကို နှစ်ယောက်လုံး အကောင်းထင်နေကြဟန်ပေါ်တယ်။နောက်မှ လရောင်လေးကို သေချာဆုံးမရဦးမယ်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Donde viven las historias. Descúbrelo ahora