5 (U)

821 54 0
                                    

ဒီနေ့က ကိုနေ့ရဲ့မွေးနေ့လေ။
အဲ့တာကြောင့် မနက်စောစောထဖြစ်တယ်။
ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းမသွားခင် ဘုရားသွားဖို့ပြင်ဆင်ရမယ်လေ။
ပထမဦးဆုံးအနေနဲ့ မျက်နှာသစ်၊သွားတိုက်ပြီးလျှင် ကိုနေ့ကိုသွားနှိုးဖို့ကြံရွယ်လိုက်တယ်။
အအိပ်မက်တတ်တဲ့ကိုနေက သူ့ကိုမနက်အစောငါးနာရီခွဲလောက်ကြီးလာနှိုးလို့ဆိုပြီး ဆူလွှတ်လိုက်မှာကလည်းကြောက်ရပါသေးတယ်။
ဘာပဲဖြစ်ဖြစ်လေ…ကိုနေကိုယ်တိုင်က ထိုတာဝန်ကိုပေးထားသည်ဆိုတော့လည်း သွားနှိုးပေးရုံပေါ့။

အခန်းထဲကထွက်တော့ ဘုရားခန်းမှာ ဘုရားဝတ်ပြုနေတဲ့မေမေ့ကိုတွေ့ရသည်။မေမေ့ကိုကြည့်ပြီး မေမေ့အကြောင်းစဉ်းစားမိပြန်တော့ ဖတစ်ဆိုးလေးဖြစ်တဲ့ကျွန်တော့်ကို လိုလေသေးမရှိရလေအောင် ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့တဲ့မေမေ့အား အာဂမေမေလို့သမုတ်လိုက်ပါရစေ။
မိခင်တာဝန်ကျေပွန်ရုံသာမက ဖခင်တာဝန်ကိုပါထမ်းဆောင်နေရတဲ့မေမေဟာ ကျွန်တော့်ဘဝရဲ့သူရဲကောင်းကြီးပမာပါပဲ။
ဖေဖေဆိုတာ မေမေပြဖူးတဲ့ ဓာတ်ပုံလေးတွေမှာသာမြင်ခဲ့ရဖူးတဲ့ကျွန်တော့်အဖို့ မေမေသည်သာလျှင်ခင်တွယ်ရာပါ။
မေမေသည် ကျွန်တော့်အပေါ် မိခင်လိုတစ်မျိုး၊ဖခင်လိုတစ်ဖုံ၊ညီအစ်ကိုမောင်နှမ,မရှိသူကျွန်တော့်အဖို့ အမတစ်ယောက်လို၊သူငယ်ချင်းတစ်ယောက်လို၊တိုင်ပင်ဖော်တိုင်ပင်ဖက်တစ်ယောက်လိုပါပဲ။
မေမေဟာ ဖတစ်ဆိုးလေးဖြစ်တဲ့ကျွန်တော့်အား လိုလေသေးမရှိရလေအောင်ထားနိုင်ဖို့ စီးပွားရေးကိုကြိုးစားရှာဖွေခဲ့တယ်။
တကယ်လည်း လိုလေသေးမရှိရလေအောင်ထားနိုင်ခဲ့ပါတယ်။
စီးပွားရှာနေရလို့ တစ်ဦးတည်းသောမိသားစုဝင်လေးဖြစ်တဲ့ကျွန်တော့်ကိုအချိန်မပေးနိုင်ဘူးလို့မထင်လိုက်ပါနဲ့။
မေမေဟာ သူ့ရဲ့အားလပ်ချိန်တွေမှန်သမျှအား ကျွန်တော့်ကိုသာ ရာနှုန်းပြည့်ပေးထားတတ်ပါတယ်။
ဒါ့ကြောင့် အလုပ်ကပင်ပန်း၊သားဖြစ်သူကိုလည်းဂရုစိုက်‌ရသေးသည့် မေမေ့အားကျွန်တော်စာနာမိပါတယ်။
ဒါ့ကြောင့် မေမေ့အတွက်နဲ့ ကျွန်တော်,စာကြိုးစားတယ်။
ကျွန်တော်ကြီးရင် မေမေ့ကိုအပြည့်အဝအနားပေးပြီး မေမေ့ကိုလိုလေသေးမရှိပြုစုထားရှိနိုင်ရမယ်လို့ သန္နိဋ္ဌာန်တည်ထားတယ်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Donde viven las historias. Descúbrelo ahora