7 (U)

556 41 0
                                    

"ဟက် မိန်းကလေးဖြစ်ပြီး ယောက်ျားလေးနှစ်ယောက်ကိုတပြိုင်နက်တည်းမြှူစွယ်နိုင်တာကတော့ တကယ်ချီးကျူးပါရဲ့။"

ကျွန်တော်တို့သူငယ်ချင်းသုံးယောက် ကျောင်းသို့အတူလာဖြစ်သည်။
စံပယ်က ကျွန်တော်နဲ့ကိုနေရဲ့ကြားထဲမှသည် တစ်ယောက်စီရဲ့လက်တစ်ဖက်စီကိုတွဲ၍လျှောက်သည်။သူငယ်ချင်းသုံးယောက် စကားတပြောပြောနှင့် ပျော်ပျော်ပါးပါးကျောင်းထဲဝင်လာခဲ့တာပေါ့။
ကျောင်းထဲက မန်ကျည်းပင်အကြီးကြီးအနားရောက်တော့ ကျောင်းသားတစ်ဦးဆီမှ စံပယ့်အားစောင်းမြောင်းပြောနေသောစကားသံတစ်ချို့အားကြားလိုက်ရသည်။
ကျွန်တော်တို့သုံးယောက်စလုံး သွားနေရာမှချက်ချင်းရပ်တန့်သွားပြီးလျှင် ကိုနေနဲ့စံပယ့်မျက်နှာကလည်းချက်ချင်းခက်ထန်သွားသည်ကိုတွေ့ရသည်။ကျွန်တော်ကတော့ဖျောင်းဖျပေးရတာပေါ့။

"စံပယ်၊ကိုနေ စိတ်ကိုလျှော့နော်။
သူတို့ကို ဒီတိုင်း ဥပက္ခာသာပြုထားလိုက်စမ်းပါ။ကျောင်းထဲမှာဆိုတော့ ပြသနာဖြစ်ရင်လည်း မကောင်းဘူးလေ။"

ကျွန်တော့်စကားကြောင့် စိတ်ကိုတစ်ထစ်လျှော့ပြီးရှေ့ဆက်သွားကြမည်အပြု တစ်ဖက်မှလူက ဆက်ပြောလာသည်။

"ဟုတ်နေတော့လည်း ဘယ်ပြန်ပြောရဲမလဲကွာ။ဟုတ်နေတာပဲကို။"

ဒီတစ်ခါတော့ ကျွန်တော်တားလည်း မရတော့ပါ။ကိုနေရဲ့ဦးဆောင်မှုနဲ့အတူ စံပယ်ကလည်းမာန်ဖီလျက်ရှိသည်။ကျွန်တော်ကတော့ ပြသနာတွေဖြစ်မည်စိုး၍ လိုက်ထိန်း‌နေရသည်။

"ဟေ့ကောင် မင်း ဘာပြောလိုက်တယ်။"

ကိုနေက အနားရောက်ရောက်ချင်း တစ်ဖက်လူရဲ့အင်္ကျီကော်လံစကိုဆွဲယူလိုက်ပြီး ရန်စကားဆိုလိုက်သည်။
လက်သီးတစ်ဖက်ဟာလည်း လေပေါ်မှာမြှောက်လျက်။
စံပယ်ကလည်း ခါးထောက်ပြီးမျက်စောင်းတွေတရစက်ထုတ်လွှတ်နေသည်။
ကျွန်တော့်မှာတော့ အခြေအနေတွေကို အကဲခက်ကြည့်ရင်း ရင်ထိတ်နေရသည်။

"ကြားတဲ့အတိုင်းပဲလေ။"

တစ်ဖက်ကလူမှ ပုခုံးနှစ်ဖက်ကိုတွန့်၍ မထီမခန့်ပုံစံနဲ့ပြန်ဖြေနေသည်မို့ ကိုနေ့လက်သီးဆုပ်က အားပြင်းပြင်းနှင့် သက်ဆင်းလို့လာပြီ။ဟိုလူကလည်း ပြုံးတုံးတုံးကြီးဖြင့်မျက်လုံးမှိတ်ထားလျက်။ကိုနေ့ရဲ့လက်သီး ဟိုလူရဲ့ မျက်နှာပေါ်မကျရောက်ခင် ကျွန်တော်အချိန်မီအမြန်တားလိုက်ရသည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Donde viven las historias. Descúbrelo ahora