25 {FINAL} (U)

1.2K 44 1
                                    

မနက်က ရပ်ကွက်ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ်တာကအစ မိဘမဲ့ဂေဟာမှာ နေ့လည်စာ အာဟာရဒါနကျွေးမွေးတာရော လူက ‌အတော်ကို ပင်ပန်းနေပြီ။
ကြည်နူးပီတိဆိုတဲ့ ကုသိုလ်စိတ်လေးကြောင့်သာ စိတ်ပျိုကိုယ်နုဆိုသလို စိတ်ဆောင်ထားလို့ ကိုယ်ကြီးက တက်ကြွနေခဲ့ရတာ။

မနက်က ဘုန်းဘုန်းဟောကြားလိုက်တဲ့ ဆုံးမစကားတွေထဲမှ…
"ဝဋ်ကြွေးတွေ၊ဆုတောင်းမှားတာတွေလို့ အမှတ်မမှားစေချင်ဘူး။ရှေးဘဝတွေက ပြုခဲ့တဲ့ ဒါနရေစက်တွေကြောင့် ဒီဘဝမှာလည်း ပါရမီဖြည့်ဖက်တွေအဖြစ်ရေစက်ဆုံကြရတယ်လို့ မှတ်ယူကြကွယ့်။"
ဆိုတဲ့ဘုန်းဘုန်းရဲ့ဩဝါဒစကားများကြောင့် ကျွန်တော်ရော ကိုနေပါ မျက်ရည်ဝဲခဲ့ရသည်အထိ ဝမ်းနည်းဝမ်းသာ ကြည်နူးခဲ့ရပါသေးသည်။ဘုန်းဘုန်းတိုင်တည်ပေးသော ရေစက်ချဆုတောင်း၊မေတ္တာပို့၊အမျှဝေစာများကို နှစ်ယောက်အတူရေစက်ခွက်ကိုင်လျက် ရေစက်ချဆုတောင်းမိသည်က သံသရာမကုန်သ၍ နောင်ဘဝအဆက်ဆက်တွင်လည်း ကိုနေနဲ့အတူ ပါရမီဖြည့်ဖက်များအဖြစ် ရေစက်ပြန်လည်ဆုံစည်းပါရစေသား ဟူ၍ပင်။

မိဘမဲ့ဂေဟာမှာ နေ့လည်စာအာဟာရအဖြစ် ကုသိုလ်ယူပြန်တော့ အလှူရှင်တွေကို ဆုတောင်းမေတ္တာပို့ပေးနေတဲ့ ဆုတောင်းသံတွေ၊အားရပါးရစားသောက်နေတဲ့ ကလေးလေးတွေရဲ့ မြင်ကွင်းတွေက ကျွန်တော့်တို့ကို မျက်ရည်ကျစေပြန်ပါတယ်။အကျွေးအမွေးကိစ္စပြီးသွားတော့ ဂေဟာမှူးထံသို့ ရန်ပုံငွေအလှူပေးအပ်တော့ ဆုတွေပေးနေပြန်တဲ့ ဂေဟာမှူးနဲ့ ဂေဟာတာဝန်ရှိသူများကြောင့် ကြည်နူးပီတိဖြစ်ရသည်က အတိုင်းထက်အလွန်ပါပဲဗျာ။

ညစာစားပွဲတွင်တော့ ရင်းနှီးတဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေကို ဖိတ်ကြားပြီး ဧည့်ခံဖြစ်သည်။ဖေဖေ၊မေမေတို့ကတော့ တစ်နေကုန်ပင်ပန်းသွားကြပြီမို့ ခဏလောက်ဧည့်ခံပြီး အနားယူကုန်ကြပြီ။

"ဟျောင့် နေမင်းခ
သတို့သားကလည်း ငြိမ်လိုက်တာကွာ။
ရော့ ချလိုက်စမ်းပါ။"

မြတ်သူက လက်ထဲ အရက်တစ်ခွက်လာပေးတာမို့ ငြင်းရန်ကြံပေမယ့် ကိုယ့်မင်္ဂလာပွဲဆိုတော့ ငြင်းလို့ကလည်း မကောင်းပြန်ဘူးလေ။တစ်ခါမှလည်း သောက်ဖူးတာမဟုတ်တော့။လရောင်လေးကိုကြည့်တော့လည်း မျက်လုံးဝိုင်းလေးနဲ့ ကြည့်နေရှာသည်။
ကဲပါလေ…လရောင်လေးလည်း ကျွန်တော်သောက်မှာ မလိုလားဘူးထင်ပါတယ်။
ခွက်ကို မြတ်သူလက်ထဲပြန်ထည့်ပေးလိုက်တော့…

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Où les histoires vivent. Découvrez maintenant