"လရောင်,ငါ့ကိုလေ ဒီပုစ္ဆာလေးရှင်းပြနိုင်မလား။"
စာသင်ခန်းထဲ၌ ဖြစ်သည်။
ကိုနေနဲ့ စံပယ်က မုန့်စားဆင်းချိန်မို့ မုန့်သွားဝယ်ကြပေမယ့် ကျွန်တော်ကတော့ ကိုနေ့ရဲ့အမိန့်တော်အတိုင်းနေခဲ့ရသည်။"ဟိုမှာလူတွေအများကြီးထဲ တိုးမိရင် လရောင်လေး ထိခိုက်မိနေဦးမယ်။ကိုနေပဲဝယ်ပေးခဲ့ပါမယ်။"တဲ့လေ။
အခု ကိုနေတို့မုန့်သွားဝယ်နေချိန် တစ်ယောက်ထဲပျင်းတာကြောင့် ခုံပေါ်ခေါင်းမှောက်အိပ်နေရာမှ မိန်းကလေးတစ်ဦး၏အသံကြားတာကြောင့် လရောင် မော့ကြည့်လိုက်သည်။
ဪ...သီရိပဲ။"သီရိ, ဘာမေးချင်လို့လဲ မေးလေ။"
"ဪ...ဒီ သင်္ချာပုစ္ဆာလေးပါ။
ငါမတွက်တတ်လို့။အဲ့တာလေးရှင်းပြပေးပါဦးနော်။"သူပြတဲ့ပုစ္ဆာကြည့်လိုက်တော့ Trigonometry ပုစ္ဆာဖြစ်တာကြောင့် ကျွန်တော်ပိုင်နိုင်တဲ့ ဘာသာရပ်ပဲလေ။
ဒါ့ကြောင့် အားတက်သရောရှင်းပြပေးလိုက်ပါတယ်။
ဒီလိုရှင်းပြရခြင်းကို ကျွန်တော်သဘောကျပါတယ်။
ကျွန်တော့်အတွက် စာပြန်နွှေးပြီးသားလည်းဖြစ်တယ်လေ။
အဲ့တာနဲ့ သူမေးသမျှပုစ္ဆာတွေကို ဖြေပေးရင်း ကျောင်းပြန်တက်သွားခဲ့သည်။
ဟင်...ကိုနေတို့ပြန်မလာသေးဘူးလား။အခန်းဝဆီကို အကြည့်ရောက်မိတော့လည်း မတွေ့။
စံပယ်ထိုင်တဲ့နေရာဆီအကြည့်ရောက်မိတော့မှ...
ကျွန်တော့်ကို စူးရဲစွာကြည့်နေတဲ့ ကိုနေ...
စံပယ်ကလည်း ကုတ်ကုတ်ကလေးနေ၍ ကျွန်တော့်ကို ခိုးကြည့်နေသည်။ဆရာမဝင်လာတော့ ကိုနေက ကျွန်တော့်နားလာထိုင်သည်။
ကျွန်တော့်ကို စိတ်ဆိုးနေဟန်ရှိတဲ့ ကိုနေက ကျွန်တော့်အတွက် ဝယ်လာတဲ့မုန့်ကိုတော့ ကျွန်တော့်ရှေ့ကောင်းကောင်းမွန်မွန်ပေးခဲ့ပါသေးတယ်။ဆရာတွေတစ်ချိန်ပြီးတစ်ချိန်ဝင်ပြီးလို့လည်း ကိုနေ့ဆီကစကားတစ်ခွန်းမှဟမလာ။
ညနေကျောင်းဆင်းပြန်တော့လည်း စက်ဘီးပေါ်တွင် သူ့ကိုဖက်ထားစေရုံမှအပ အပိုစကားမဆိုခဲ့။
အမည်မသိတဲ့ခံစားချက်ကြီးက ရင်ထဲဆို့နင့်၍လာသည်။
အမြဲတမ်း ဂရုစိုက်ပေးတတ်တဲ့ကိုနေက အခုလို ဥပက္ခာပြုထားသည်ဆိုတော့ ရင်ထဲမှာ တဆစ်ဆစ်နဲ့အရမ်းနာသည်။
ကျလုဆဲဆဲဖြစ်နေသည့် မျက်ရည်ဥတို့ကို တင်းခံထားရင် အတည်ငြိမ်ဆုံးအသံနှင့် တုန်တုန်ရီရီခေါ်လိုက်သည်။
ВЫ ЧИТАЕТЕ
ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED