8 (Z)

82 8 0
                                    

"ဒါက ငါ့ချစ်သူလေ…နာမည်ကမြတ်သူတဲ့။
ကို, ဒါက စံပယ့်သူငယ်ချင်းတွေ။
နေမင်းခနဲ့လရောင်ဖြာတဲ့။"

"တွေ့ရတာ ဝမ်းသာပါတယ်ဗျ။
စံပယ့်ကိုခင်သလို ကျွန်တော့်ကိုလည်း ခင်နိုင်ပါတယ်။
ဒီကနှစ်ယောက်နာမည်ကိုတော့ စံပယ်ပြောပြထားလို့ ရင်းနှီးနေတာတော့ကြာပါပြီ။
အခုမှပဲ လူကိုယ်တိုင်အပြင်မှာတွေ့ဖူးတော့တယ်။"

စံပယ်မတစ်ယောက်လုပ်ချလိုက်ပြန်ပြီ။
ကျောင်းပိတ်ရက်မို့ ခြံထဲမှာစာလုပ်နေတဲ့ကျွန်တော်တို့ကို သွားစရာရှိလို့လိုက်ခံပေးပါဆိုပြီး အတင်းခေါ်ကာ ရောက်လာတော့ ရပ်ကွက်ထဲကပန်းခြံကိုပါ။
ဒီရောက်မှသိလိုက်ရတာက ကျွန်တော်တို့ကို သူ့ချစ်သူနဲ့မိတ်ဆက်ပေးတာကိုပါပဲ။
သေချာကြည့်ပြီးစဉ်းစားလိုက်ကာမှ စံပယ့်ချစ်သူဆိုတာ ယခုနှစ်မှကျွန်တော်တို့‌ကျောင်းကိုပြောင်းလာတဲ့ကျောင်းသားအသစ်ပဲ။
နဝမတန်း‌တက်ရောက်နေပြီဖြစ်တဲ့ ကျွန်တော်တို့သုံးယောက်ဟာ ဇီဝဗေဒဘာသာရပ်တွဲကို စိတ်တူကိုယ်တူရွေးချယ်တက်ရောက်ဖြစ်ခဲ့တယ်။
ဝဏ္ဏကတော့ ကိုယ်ပိုင်ကျောင်းပြောင်းသွားတယ်လေ။
အခု စံပယ့်ချစ်သူဆိုတဲ့လူကိုတော့ ဘောဂအခန်းထဲမှာတော့ တွေ့ဖူးသလိုရှိတာပဲ။
ဒါ့ကြောင့် စံပယ်မတစ်ယောက် မုန့်စားဆင်းချိန်တို့၊ထမင်းစားဆင်းချိန်တို့ဆို ဘောဂခန်းဘက်ခြေလှမ်းနေတာကိုး။

ဒီအတောအတွင်းပျော်ခဲ့ရပါတယ်လေ။
ကျွန်တော့်သူငယ်ချင်းလေးတွေက တကယ်ချစ်စရာကောင်းကြပါတယ်။
အထူးသဖြင့် လရောင်လေးပေါ့…။

တစ်ခါတလေတော့လည်း ဘာလို့မှန်းမသိ လရောင်လေးကိုစိတ်ပူနေမိတယ်။
ဝဏ္ဏရဲ့အကြောင်းလည်းသိထားရသလို စံပယ်ကလည်း လရောင်လေးနားတကပ်ကပ်နဲ့မို့လေ။
အခုတော့ ဝဏ္ဏလည်းကျောင်းပြောင်းသွားပြီ၊စံပယ်ကလည်း ချစ်သူရသွားပြီ‌ဆိုတော့ ကျွန်တော်စိတ်အေးရတော့မယ်ထင်ပါရဲ့။

"ဟုတ်ကဲ့ပါ။ကျွန်တော်တို့လည်း တွေ့ရတာဝမ်းသာပါတယ်။"

"ကိုနဲ့ငါက ၇တန်းလောက်ကတည်းက ချစ်သူတွေဟ။"

"ဘာ!"
"ဘယ်လို!"

စံပယ်မရဲ့ စကားအဆုံး ကျွန်တော်နဲ့လရောင်လေးမှာလည်း အာမေဋိတ်အသံတွေပါထွက်ရပါတယ်။
၇တန်းကတည်းကဆိုတော့ စံပယ် ကျွန်တော်တို့ကျောင်းကို ပြောင်းလာခဲ့တဲ့အချိန်ပေါ့။
ဒီနှစ်နှစ်ကျော်အတွင်း ဒီအကြောင်းကို စံပယ်က တစ်ခါမှစကားမဟခဲ့ဘူး။၂နှစ်အတွင်း ကျွန်တော့်ကို တော်တော်နှိပ်စက်ခဲ့တဲ့ ချီးထုတ်မ စံပယ်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Où les histoires vivent. Découvrez maintenant