ကိုနေ့အတွက်ခေါက်ဆွဲပြုတ်အိအိလေးပြုတ်ပေးလိုက်ပြီးဆေးပါတိုက်ကာအိပ်ခိုင်းလိုက်သည်။ကျွန်တော်ကတော့ ကိုနေ,လိုအပ်ရင်အသင့်ရှိနေအောင် အိပ်ရာဘေးက စာကြည့်စားပွဲလေးမှာ စာထိုင်ဖတ်ရင်းစောင့်ပေးနေလိုက်သည်။ဘယ်အချိန်ကတည်းကဆိုတာ မသိပေမယ့် ကျွန်တော်အိပ်ပျော်သွားသည်ဆိုတာကိုတော့ ကျွန်တော်ကောင်းကောင်းသိလိုက်သည်။
အခုကျွန်တော်ရောက်ရှိနေတာက ကိုနေ့ကုတင်ပေါ်မှာလေ…
တိတိကျကျပြောရရင် ကိုနေ့ရင်ခွင်ထဲမှာ…
ကိုနေက ကျွန်တော့်ကို သူ့ရင်ခွင်ထဲထည့်ဖက်ပြီး အိပ်မောကျလျက်ရှိသည်။
ငယ်စဥ်ကတည်းက ကိုနေ့ထက်ခန္တာကိုယ်အချိုးအစားပိုသေးသည့် ကျွန်တော်က အခုလည်း ကိုနေ့ရင်ခွင်ထဲမှာကွေးကွေးလေးသာ...အခုချိန်မှာ ကျွန်တော်သိတာဟာ အဆမတန်ရင်ခုန်နေတာကိုပါပဲ။
ကိုနေရဲ့ အကြည့်စူးစူးတွေကိုခံရတဲ့အခါ ကျွန်တော်သက်လုံမကောင်းသလိုခံစားရသည်။ကိုနေရဲ့ ဂရုစိုက်မှုလေးတွေကိုရရှိတဲ့အခါမျိုးမှာ ကျွန်တော်ဟာအတောင်စုံစငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဝမ်းမြောက်မှုကိုခံစားရတယ်။အခုလို ကိုနေ မကျန်းမမာရှိတဲ့အခါမျိုးမှာ ရင်ထဲတွင်မီးဖိုထားသကဲ့သို့ တငွေ့ငွေ့နဲ့ပူလောင်ရပါတယ်။
ကိုနေ့ဆီမှအဖျားအငွေ့အသက်လေးတွေသက်သာလိုသက်သာငြား ကျွန်တော်,ကိုနေ့ခါးလေးအားပြန်ဖက်ပြီးပြန်မှေးစက်တော့ လူခြေရှုတ်သည့်ပွဲခင်းထဲတွင် အဖော်ကွဲနေသည့် ကလေးငယ်လေးအလား ရင်တုန်နေသည်ကြောင့် မှေးစက်၍မပျော်နိုင်ခဲ့ပါ။ဒါဟာ ဘယ်လိုခံစားချက်မျိုးမှန်းကျွန်တော် နားလည်နိုင်စွမ်းမရှိတော့။
ကိုနေအိပ်ရာကနိုးလာတော့ သူ့ကိုဖက်ထားတဲ့ကျွန်တော့်ကိုဆူမည်စိုး၍ အိပ်ချင်ယောင်သာဆောင်နေခဲ့လိုက်သည်။ရုတ်တရက် ကျွန်တော့်နဖူးပေါ်ကျရောက်လာတဲ့အရာတစ်ခု။သေချာပါတယ်...ကိုနေ,ကျွန်တော့်ကိုနမ်းလိုက်တာ။ကျွန်တော့်နှုတ်ခမ်းထောင့်လေးကသတိမထားမိလိုက်ပါဘဲ ကွေးညွတ်သွားခဲ့တယ်။ကိုနေ အခန်းထဲကထွက်သွားမှ ကျွန်တော်မျက်လုံးဖွင့်လိုက်သည်။ကိုနေ နမ်းသွားတဲ့နဖူးလေးအား ယုယစွာကိုင်ကြည့်မိတော့ ရင်အစုံကအခုန်မြန်လာရပြန်သည်။ဒီနေ့တစ်နေ့ထဲမှာကိုပဲ ကိုနေ့ကြောင့် ကျွန်တော်ရင်ခုန်ရတာ အကြိမ်မည်မျှရှိပါပြီလဲ။ရင်ခုန်တာဟာ အချစ်ဆိုရင်...ဟုတ်ပါတယ် ကျွန်တော် ကိုနေ့ကို ချစ်နေမိပြီ။
ESTÁS LEYENDO
ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED