3 (Z)

111 5 0
                                    


အခုဆို ကျောင်းတက်ရတာလည်း နှစ်လလောက်ရှိသွားပြီ။
ကျောင်းကိုတော့ လရောင်လေးနဲ့အတူ စက်ဘီးနဲ့သွားဖြစ်တယ်။
ကျွန်တော်နဲ့လရောင်လေးနဲ့က စာသင်ခန်းတစ်ခန်းထဲမှာပဲလေ။ကျောင်းသွားလည်းအတူ၊မုန့်စားလည်းအတူ၊ထမင်းစားလည်းအတူ၊ကျောင်းပြန်တော့လည်းအတူ အမြဲအတူတူပါပဲ။

ဒါနဲ့တစ်ခုပြောရဦးမယ်…
လရောင်လေးက လူကောင်သေးတယ်ဗျ။
ဒါ့ကြောင့် ကျောင်းမှာဆို အမြဲအနိုင်ကျင့်ခံရပုံပေါ်တယ်။
ကျောင်းစဖွင့်တဲ့ရက်တွေကဆို လရောင်လေးကို ရန်လာစတဲ့ ကောင်တွေက တစ်နေ့တစ်မျိုးမရိုးရအောင်ပါပဲ။
လရောင်လေးကလည်း ကျွန်တော့်လက်ကိုဆွဲပြီး အမြဲရှောင်ပြေးခဲ့တယ်။
တစ်ရက်ရောက်တော့ မုန့်စားဆင်းလို့ ကျွန်တော်မုန့်သွားဝယ်နေချိန် အတန်းထဲမှာ လရောင်လေးတစ်ယောက်ထဲကျန်ခဲ့တယ်။
ကျွန်တော်လည်း လရောင်လေးကို စိတ်မချတာကြောင့် အမြန်ဝယ်ပြီး ပြန်လာတော့  လရောင်လေးကို အတန်းထဲကယောက်ျားလေး၃ယောက်နဲ့ မိန်းကလေး၂ယောက်ကဝိုင်းပြီးအနိုင်ကျင့်နေကြတယ်လေ။
ကျွန်တော်လည်း လရောင်လေးအနားအမြန်သွားပြီး မိန်းကလေးနှစ်ယောက်ကိုတွန်းပစ်လိုက်တယ်။
ယောက်ျားလေးနှစ်ယောက်ကိုတော့ လက်သီးနဲ့ထိုးပစ်လိုက်တယ်။
‌အားကစားကိုအမြဲလေ့ကျင့်နေတတ်တဲ့အပြင် ကျောင်းပိတ်ရက်တွေဆို ဘောလုံးအမြဲကစားတတ်တဲ့ ကျွန်တော့်ခွန်အားကိုတော့ သူတို့ မယှဉ်နိုင်ခဲ့ကြပါဘူး။
ဒါနဲ့ လရောင်လေးကို အကြောင်းအရင်းအစုံမေးလိုက်တော့ လရောင်လေးက အတန်းထဲမှာ သူတို့ထက်ပိုပြီးစာတော်နေလို့ ရန်လာရှာတာတဲ့။လရောင်လေးဆီက မုန့်ဖိုးတွေကိုလည်းခနတိုင်းလုယူတယ်တဲ့။စာအုပ်တွေကိုလည်းကိုင်ပေါက်တယ်တဲ့။ဒီလောက်မိုက်ရိုင်းတဲ့ဟာတွေကို ကျွန်တော်ပြန်လုပ်လိုက်တာက နည်းသေးတယ်မဟုတ်လား။
ကျွန်တော်နဲ့လရောင်လေးလည်း ကျောင်းအုပ်ကြီးရုံးခန်းကို အလည်တစ်ခေါက်ရောက်ခဲ့ရတာပေါ့။
အကြောင်းစုံကိုရှင်းပြပြီးနောက် အားလုံး ကြိမ်ဒဏ်သုံးချက်စီနဲ့ ကျေအေးခဲ့ပါတယ်။
လရောင်လေးကတော့ နာလို့ထင်တယ် ငိုလိုက်တာ။
ဘယ်လောက်ပဲရိုက်ခံရ ရိုက်ခံရ အံကြိတ်ခံနိုင်ခဲ့တဲ့ ကျွန်တော်လည်း လရောင်လေးငိုတာမြင်ပြီး ရင်ထဲမချိအောင်ခံစားရပါတယ်။လရောင်လေးကိုသနားလွန်းလို့ ရင်ခွင်ထဲထည့်ပြီး ကျွန်တော်ပါ မျက်ရည်ကျခဲ့ရပါသေးတယ်။
ဒါပေမယ့် လရောင်လေးပြောခဲ့တာက ဘာလဲသိလား။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Wo Geschichten leben. Entdecke jetzt