“ကိုနေ ကိုနေ...”
ရုတ်တရက် လရောင်လေး ကျွန်တော့်လက်မောင်းလေးအား ကိုင်လှုပ်၍ခေါ်မှ သတိပြန်ဝင်လာခဲ့သည်။
လရောင်လေးအကြောင်းတွေးရင်း အတွေးနယ်လွန်သွားမိတယ်။“ဟမ် လရောင်လေး ဘာဖြစ်လို့လဲ။”
“လရောင်က ဘာမှမဖြစ်ပါဘူး။ကိုနေကသာ ဘာဖြစ်နေတာလဲ။နေမကောင်းဘူးလား...မှန်းစမ်း။”
လရောင်လေးက ကျွန်တော့်နဖူးလေးအား သူ့ရဲ့ လက်ဖမိုးနုနုလေးတွေနဲ့ လာရောက်တို့ထိတော့ တစ်ကိုယ်လုံးဓာတ်လိုက်ခံလိုက်ရသလို တုန်တက်သွားမိသည်။ဒီလို သာယာကြည်နူးဖွယ်အချိန်လေးကို ကျွန်တော်ရပ်တန့်ထားလိုက်ချင်ပါဘိ။
“အဟမ်း အဟမ်း ပတ်ဝန်းကျင်ကိုလည်း တစ်ချက်လောက်သတိထားပါဦးဟယ်။မိုးမမြင်လေမမြင်တွေကိုဖြစ်လို့...”
နောက်ကျောဘက်ဆီမှ စံပယ့်ရဲ့ချောင်းဟန့်သံနဲ့အတူပြောလာတဲ့စကားတွေကြောင့် လရောင်လေးက ကျွန်တော့်နဖူးပေါ်က သူ့ရဲ့လက်ဖမိုးလေးကို ဖယ်ရှားလိုက်သည်။ကျွန်တော့်ရင်ထဲ ဟာတာတာခံစားမှုကြီးကို ခံစားလိုက်ရသည်။စံပယ်မကိုလည်း စိတ်ထဲမှ ကြိမ်ဆဲမိလိုက်သည်။ပြီးနောက် လရောင်လေးက ကျွန်တော့်အနားကပ်၍ ခပ်တိုးတိုးလေးပြောသည်။
“ဖျားတော့မဖျားပါဘူး။ခပ်နွေးနွေးလေးနဲ့ ဖျားသွေးရှိတယ်ထင်တယ်။အိမ်ရောက်ရင်ဆေးသောက်ရမယ်နော်”တဲ့...
လရောင်လေးပြောတဲ့စကားက ကျွန်တော့်အပေါ်၌ ဓာတ်စီးနေသကဲ့သို့ ငြင်းပယ်နိုင်စွမ်းမရှိပါ။ကျွန်တော်ခေါင်းသာငြိမ့်ပြလိုက်နိုင်သည်။
“ဟယ့် တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲ။”
စံပယ်က အနားရောက်လာတာနဲ့ လရောင်လေးလက်မောင်းအားချိတ်ကိုင်လိုက်ပြီး ပြောတာကြောင့် စိတ်ထဲကသိကအောင့်တော့ဖြစ်သွားသည်။ရင်ဘက်ကြီးတစ်ခုလုံးကို တင်းကြပ်နေအောင်ဆုပ်ကိုင်ထားသလိုခံစားရသည်။မျက်စောင်းထိုးချက်တွေကိုလည်း စံပယ်မဆီသို့ ထိုးလွှတ်ပစ်လိုက်သည်။
“ဪ ကိုနေလေ တွေတွေကြီးငေးနေလို့ နေမကောင်းတာများလားလို့စမ်းကြည့်တာပါ။”
ВЫ ЧИТАЕТЕ
ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED