19 (U)

457 25 0
                                    

"မေမေသိပြီးသားပါ။"

ကျွန်တော်က စကားဆက်လိုက်တော့ စံပယ်ရောမြတ်သူပါ မျက်လုံးပြူးသွားခဲ့ရသည်။မေမေကတော့ ကျွန်တော့်ကိုကြည့်ပြီး ခပ်ရေးရေးလေးပြုံးသည်။
မေမေ့သားလေးတောင် အရွယ်ရောက်လာပြီပဲဆိုတဲ့ အပြုံးမျိုး…

"အန်တီက သိပြီးသား။"

စံပယ်က အံ့ဩသလိုမေးတော့ ကျွန်တော်နှင့်မေမေက မျက်လုံးချင်းဆုံစေလျက် ကိုယ်စီခပ်ရေးရေးလေးတွေပြုံးဖြစ်ကြသည်။ထိုအပြုံလေးတွေထဲမှာ နားလည်ပေးမှု၊အေးချမ်းတဲ့ချစ်ခြင်းမေတ္တာ၊ပီတိ အားလုံးရောယှက်၍နေသည်။

"အန်တီ သိပြီးတာကြာပါပြီကွယ်။ရိပ်မိခဲ့တာကတော့ ကြာပေမယ့် အတည်ပြုနိုင်ခဲ့တာကတော့ သားနေတို့ ထွက်သွားပြီးတဲ့နောက်ပိုင်းမှာပေါ့။"

ထိုနေ့က…

သားနေတို့ မန္တလေးပြောင်းသွားပြီဆိုတဲ့ သတင်းကြားပြီးနောက် ကျွန်မသားလေး မေ့လဲသွားတယ်။ရုတ်တရက်မို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချိန် ကံကောင်းစွာနဲ့ပဲ သားလေးရဲ့သူငယ်ချင်းတွေဖြစ်တဲ့ သမီးလေးစံပယ်နဲ့ သားမြတ်သူတို့ရောက်လာကြတယ်။သားမြတ်သူက သားလေးကို အခန်းထဲသို့ ကုန်းပိုးလိုက်ပို့ပေးပြီး သမီးစံပယ်ကတော့ ဆရာဝန်အားဖုန်းဆက်လှမ်းခေါ်ပေးသည်။
ဆရာဝန်ရောက်လာတော့ သားလေးသူငယ်ချင်းတွေကတော့ သားလေးပြန်နိုးလာရင် စားဖို့ အောက်ထပ်ကမီးဖိုခန်းထဲမှာခေါက်ဆွဲပြုတ်ပေးနေတုန်း ကျွန်မကတော့ သားလေးလဲလျောင်းနေရာဘေးလေးမှ သောကတွေဝေနေခဲ့ရသည်။
ဒေါက်တာကပြောသွားသည် သားလေးက အဖျားငွေ့လေးရောရှိပြီး စာမေးပွဲကိစ္စတွေနဲ့ရောဆိုတော့ စိတ်ပမ်း၊လူပမ်းဖြစ်ပြီး မေ့လဲသွားတာဖြစ်ကြောင်း၊ဆေးတစ်လုံးထိုးပေးခဲ့ပြီးစိုးရိမ်စရာမရှိတော့ကြောင်းပြောပြီးပြန်သွားခဲ့သည်။
သားလေးရဲ့သူငယ်ချင်းတွေလည်းပြန်သွားပြီဖြစ်ပေမယ့် သားလေးကတော့ ပြန်နိုးမလာသေးဘူး။
သားလေးမျက်တောင်စိတ်စိတ်ပေါ်ကစိုစွတ်စွာတွဲခိုနေတဲ့ မျက်ရည်စလေးတွေကို လက်မလေးဖြင့် အသာဖိသုတ်ပေးရင်း သိပ်အစွဲအလမ်းကြီးတတ်တဲ့သားလေးအဖြစ်ကို ဝမ်းနည်းမိသည်။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Место, где живут истории. Откройте их для себя