23 (Z)

88 3 0
                                    

ကျွန်တော်နဲ့လရောင်လေး ကျောင်းပြန်မသွားတော့ဘဲ လျှောက်လည်ဖြစ်သည်။
ကျောင်းမလစ်ချင်ပေမယ့် ကျောင်းသွားလည်း စာသင်မယ့် ဆရာ၊ဆရာမမှ မရှိဘဲကိုဗျ။
လရောင်လေးကပြောတယ်။
အဲ့နေ့က ကျွန်တော်နေမကောင်းတာကြောင့် မလည်ဖြစ်လိုက်တဲ့နေရာတွေကို အခုပြန်လိုက်ပို့ပေးရမယ်တဲ့။
ကျွန်တော့်ကလေးလေးဟာလေ သိပ်ကို ကလေးဆန်စွာ ပျော်ရွှင်နေရှာတာပဲ။

ပထမဦးစွာ မုံရွာမြို့တောင်ဘက်ခြမ်း မြို့အဝင်နားမှာရှိတဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားသို့ သွားဖြစ်သည်။
မိုးညှင်းသမ္ဗုဒ္ဓေဘုရားမှာ ဘုရားအဆူလေးတွေလိုက်ရေပြီး မရေနိုင်တော့တဲ့နောက်ဆုံး လူကိုချွဲ၍ငိုပြန်သည်။ဘယ်လိုကလေးလေးမှန်းကိုမသိဘူး။
ကျွန်တော်က
"မြရွှေငွေ စိန်သီးဆောင်း သမ္ဗုဒ္ဓေဘုရားပေါင်း"ဆိုသည့် စာချိုးအရ ဘုရားအဆူရေပေါင်း ၅၄၂၃၆၃ဆူ ရှိကြောင်း ပြောပြတော့
"ကိုနေက တော်လိုက်တာ…"ဟုဆိုကာ ပါးသို့အနမ်းတစ်ပွင့် ဆုချပေးခဲ့သေးတာ။
မိုးညှင်းသမ္ဗုဒ္ဓေဘုရားရဲ့ ဗိသုကာလက်ရာများကိုကြည့်ပြီး တအံ့တဩရှိနေတဲ့ လရောင်လေးဟာ ကလေးလေးတစ်ယောက်လို သိပ်ချစ်စရာကောင်းနေသည်။

ဒုတိယအနေနဲ့ကတော့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားရဲ့ အရှေ့ဘက် ခတက္ကန်တောင်ရွာ၊ဖိုးခေါင်တောင်တန်းရှိ ဗောဓိတစ်ထောင်ဘုရားသို့သွားဖြစ်ခဲ့သည်။
ဗောဓိတစ်ထောင်ဘုရားရောက်တော့ ရပ်တော်မူဘုရားကြီးအား ထိပ်ဆုံးထိတက်ချင်ပါတယ်ဆိုလို့ မနည်းချော့ခဲ့ရသေးသည်။တစ်ခြားလည်ပတ်စရာနေရာတွေက ရှိသေးတာကိုးဗျ။ထိပ်ဆုံးထိသာတက်ရရင် ဒီတစ်နေရာထဲမှာတင်ပဲ မိုးချုပ်သွားလိမ့်မည်လေ။
ဒါ့ကြောင့် လျောင်းတော်မူဘုရားတင်ပဲ ကျေနပ်ပေးဖို့ အနမ်းလေးတစ်ပွင့်နဲ့ မနည်းချော့ခဲ့လိုက်ရသေးတယ်။
လျောင်းတော်မူဘုရားကြီးအတွင်း ဝင်ရောက်ကာ သတ္တဝါတို့၏ ဘုံဌာနတွေအကြောင်း လေ့လာ၍ သိသလောက်မှတ်သလောက်ပြောပြပြန်တော့ စိတ်ဝင်တစားနားထောင်ရှာသေးသည်။ကျွန်တော့်ရဲ့ အသစ်စက်စက်ချစ်သူလေးဖြစ်တဲ့ လရောင်လေးက ထိုသို့လည်း လိမ္မာပါတယ်။

နောက်ဆုံးအနေနဲ့လည်ပတ်ဖြစ်ခဲ့သည်ကတော့ မုံရွာမြို့အရှေ့ဘက် ကျောက္ကာရွာရှိ  ကျောက္ကာရွှေဂူနီစေတီသို့ပင်…
ကျောက္ကာရွှေဂူနီစေတီ၊ကျောက္ကာရွှေဂူနီရုပ်ပွားတော်၊အရံစေတီတော်များ၊နံရံဆေးရေးပန်းချီများကို ဖူးမြော်ပြီးနောက် ညနေ ၅နာရီခန့်အချိန်ရောက်ပြီမို့ အိမ်ပြန်ဖို့သာ စီစဉ်ရတော့သည်။
ဆောင်းရာသီရဲ့ ညနေ၅နာရီဆိုသောအချိန်က မှောင်ရီပျိုးစပြုနေပြီမဟုတ်လား။

ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED Where stories live. Discover now