“သားရေ…မြန်မြန်လာလေကွယ်။မေမေတို့နောက်ကျနေလိမ့်မယ်။”
ဒေါ်ကေသွယ်တစ်ယောက် အိမ်ထဲကထွက်မလာနိုင်သေးသည့် သားဖြစ်သူ ‘နေမင်းခ’ကို လှမ်းခေါ်လိုက်ခြင်းပင်…။ သားဖြစ်သူဟာ သိပ်ကိုခေါင်းမာလွန်းသည်။တိတိကျကျပြောရရင်သိပ်ကိုအစွဲအလမ်းသံယောဇဉ်ကြီးသည်။
အခုကျွန်မတို့က အိမ်ပြောင်းရွှေ့မလို့လေ။ကျွန်မအမျိုးသားက အစိုးရဝန်ထမ်းဆိုတော့ အမြဲလိုလိုပြောင်းရွှေ့နေခဲ့ရပေမယ့် ဒီနေရာလေးမှာတော့ ၅နှစ်လောက် နေထိုင်ခဲ့လိုက်ရတယ်။ဒီတော့ သားမပြောနဲ့ ကျွန်မတောင် ဒီနေရာလေးကို သံယောဇဉ်ရှိပါတယ်။ဒီနေရာလေးမှာက သားလေးသိတတ်စအရွယ်ကတည်းကနေထိုင်လာခဲ့ကြရတာလေ…အခုဆိုသားလေးတောင် ၁၀နှစ်သားရောက်နေပြီ။ကျွန်မလည်း ဘယ်ပြောင်းရွှေ့ချင်ပါ့မလဲ။ဒါပေမယ့် အစိုးရဝန်ထမ်းကို အိမ်ထောင်ဘက်တော်ထားမှတော့ တာဝန်အရ မပြောင်းရွှေ့လို့မှမဖြစ်ဘဲကိုး။သားဟာလည်း ဒါကိုပဲ အမြဲဂျစ်ကျနေတော့သည်။ဒီကနေမပြောင်းချင်ကြောင်း၊သူငယ်ချင်းတွေနဲ့ မခွဲနိုင်ကြောင်း…စသည်ဖြင့်ပေါ့။သားလေးကို ချော့မော့ပြောပေမယ့်လည်း သားလေးက အခုချိန်ထိ လက်လျှော့ချင်သေးပုံမပေါ်။အားမသန်လို့သာ မာန်လျှော့လိုက်ရပုံပေါ်သည်။သားလေး ဟိုရောက်ရင်တော့ သူငယ်ချင်းအသစ်တွေနဲ့ ပျော်နိုင်လောက်မှာပါလေ။
အိမ်ထဲမှ ခြေဆောင့်ကာ မှုန်ကုတ်ကုတ်ဖြင့် ထွက်လာသည့်သားကိုကြည့်၍ ကျွန်မခပ်ရေးရေးလေးပြုံးမိသေးသည်။ဘယ်လောက်ပဲ မပြောင်းရွှေ့ချင်ကြောင်းငြင်းဆန်နေပါစေ…တကယ်ပြောင်းရမှာသိထားသူမို့ သူ့ကိုယ်သူ ကြည့်ကောင်းအောင်ပြင်ထားဖို့တော့ မလစ်ဟင်းခဲ့ပါလေ။
ကားထွက်လာသည့်တိုင် သားမှာကျန်ခဲ့တဲ့ပုံရိပ်လေးတွေကို နှမြောတသဖြင့် လည်ပြန်တကြည့်ကြည့်ဖြင့် ကြည့်နေသေးသည်။ကျွန်မလည်း သားလေးအတွက်စိတ်မကောင်းဖြစ်မိပါတယ်။သားလေးဟာ သိပ်ကိုအဖော်မက်တယ်လေ။အခုတော့ သူ့အပေါင်းအဖော်သူငယ်ချင်းတွေနဲ့ ခွဲခွာရတော့ သူလည်းဝမ်းနည်းနေရှာမှာပေါ့။
BẠN ĐANG ĐỌC
ချင်းတွင်းသက်သေ(ချင်းတွင်းသက်သေ) COMPLETED