အပိုင်း (၂၄) - Zawgyi
တုန်းလင်းတစ်မြို့လုံး ညှိုးနွမ်းနေကြတယ်။ ဘုရင့်အမိန့်တော်အရ လူတိုင်းလူတိုင်း ဆင်းရဲချမ်းသာမရွေး ၃လတိတိတောက်တောက်ပြောင်ပြောင် ၀တ်စားဆင်ယင်ခြင်းကို ကန့်သတ်တဲ့အကြောင်း အမိန့်ထုတ်ထားတယ်။ အ၀တ်အစားကအစ ခန်းစီးအဆုံး အရာရာတိုင်းဟာ မှိုင်းနွမ်းပြီး ပူဆွေးမှုအတိဖြစ်လို့နေလေရဲ့။ ယခင်ကအရောင်သွေးစုံစုံလင်လင်နဲ့ ဆွဲဆောင်နေကြတဲ့ ကြော်ငြာဘုတ်တွေ၊ လာဘ်ခေါ်အဆောင်တွေလည်း ဖျက်စီး သိမ်းဆည်းခြင်း ခံလိုက်ကြရလေတယ်။
လေထုထဲမှာတောင် အန္တရာယ်အငွေ့အသက်အတိ ဖုံးလွှမ်းလို့နေလေရဲ့။
မင်းသားငယ်၂ပါး၊ ဘုရင်မင်းမြတ်ရဲ့ သားတော်ငယ်၂ပါးလုံး ဖြေဆေးမရှိတဲ့ အဆိပ်ခပ်ခံရပြီး ဆုံးပါးသွားကြပြီ။ သူတို့လေးတွေဟာ အင်မတန်မှ ငယ်သေးလွန်းတဲ့ ကလေးငယ်လေးတွေပေါ့။ ၁၀နှစ်တောင်မှ မရှိကြသေးတဲ့ ကလေးသာသာအရွယ် လူမမယ်လေး ၂ယောက်။ အဲ့အချက်ကြောင့်ပဲ သူတို့လေးတွေဟာ အသက်ဝိဥာဉ်မဲ့သွားတာတောင်မှ ကျန်ရှိနေတဲ့ သူတို့ရဲ့ ရုပ်ကြွင်းဟာ တော်ဝင်မိသားစုနဲ့အတူမြှုပ်နှံခွင့် မရကြရှာဘူး။ တုန်းလင်းရဲ့ အစဉ်အလာတိုင်းပဲ သဂြိုလ်ခွင့်ရှိတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အရိုးပြာကို မြစ်ထဲကိုမြှောပြီး ကမ္ဘာလောကကြီးက အစဉ်ထာဝရထွက်သွားစေတဲ့နည်းပဲ။
ချုးပေ့ကျယ်ဟာ သတင်းကြားကြားခြင်း သူရဲ့တပ်တွေကို ပြန်ဆုတ်စေပြီး တုန်းလင်းကို အမြန်ပြန်လာခဲ့တယ်။ မြို့တော်နဲ့ မိုင်၅၀လောက်အလိုမှာ လက်ဝဲအမတ်ကြီး စန်းထန်နဲ့အတူ နန်းတော်စောင့်တပ်တွေ စောင့်နေတာတွေ့လိုက်ရပြီး သူတို့ကို လှမ်းတာလိုက်တယ်။
"ရပ်!" ဟိုးအဝေးက အညိုရောင်တော်ဝင်အလံလွှင့်ထူထားတဲ့ နန်းတော်စောင့်တပ်ကို တွေ့လိုက်ရတာနဲ့အတူ ချုးပေ့ကျယ်လဲ သူ့ရဲ့စစ်တပ်ကို ရပ်ဖို့ လက်ကာပြီး အချက်ပြလိုက်တယ်။
ထောင်သောင်းမကတဲ့ စစ်တပ်ကြီးဟာ ရုပ်ချည်းပဲ ကမန်းကတန်းအမြန်ရပ်လိုက်ရတယ်။ ဖုန်တွေ ရွံ့တွေအလိမ်းလိမ်းနဲ့ စစ်သည်တွေရဲ့ မျက်နှာပြင်ထက်မှာတော့ စိုးရိမ်မကင်းတဲ့ဟန်ဖြစ်နေကြလေရဲ့။ သူတို့အရှေ့မှာ ရှိနေတဲ့ နန်းတော်စောင့်တပ်က နန်းတော်ထဲမှာရှိမနေပဲ ဒီနေရာမှာရှိနေတာကြောင့်ဆိုရင်လည်း မမှားဘူး။
BẠN ĐANG ĐỌC
Gu Fang Bu Zi Shang
Lãng mạn"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...