အပိုင်း (၁၄) - Zawgyi + Unicode

938 127 10
                                    

အပိုင်း (၁၄) - Zawgyi

မြက်ခင်းစိမ်းလွင်ပြင်ဒေသက ဖိန်းထင်အေးအေးချမ်းချမ်း နေရတာ မမြင်ချင်ဘူးနေမယ်။ အချိန်ကတော့ လေးနာရီ ၀န်းကျင်လောက် ညနေနေစောင်း နေ၀င်ချိန်ပေါ့။ အခန်းပြတင်းတံခါးဘောင်လေးပေါ်မှာတော့ ပင်ပန်းနေဟန် အရိပ်လေးတစ်ခုက နေရာယူလျက်။

တီတီတာတာ အော်မြည်နေကြတဲ့ ငှက်ငယ်လေးတွေနဲ့ နေရောင်အောက်မှာ ပွင့်လန်းဖူးအာနေတဲ့ ပန်းခင်းကြီးကလည်း ညနေဆည်းဆာနဲ့အတူ တိတ်ဆိတ်ပျောက်ကွယ်သွားလေပြီ။ ဒီလိုအချိန်မှ ဖယောင်းတိုင်ဆောင်ပြီး အပြင်ထွက်မယ်ဆိုရင်တောင် ခြောက်ခြားစရာအတိ ကောင်းနေပေလိမ့်မည်။

အခုဆို ရန်ဖန်းရဲ့ ခင်ပွန်းကလည်း အိမ်တော်မှ ထွက်ခွာသွားပြီလေ။ အိမ်တော်တွင်းက လူတွေကတော့ အခုခရီးစဉ်မှာပါတဲ့ စစ်သူကြီးတိုင်းက ဘယ်လိုတော်ကြောင်း၊ ရဲရင့်ကြောင်း တစ်ယောက်တစ်ပေါက် အမွှန်းတင် ချီးမွှန်းလျက်ရှိကြတယ်။ အကုန်လုံးကလည်း ဒီစစ်ပွဲမှာဘယ်လို အောင်ပွဲမျိုး ရယူပိုင်ဆိုင်နိုင်လာကြမလဲကို အရမ်းမျှော်လင့်နေကြတယ်။

ယောင်လို့တောင် မျှော်လင့်မယ် မကြံနဲ့

ဖိန်းထင် ခေါင်းကိုသာတွင်တွင်ခါလိုက်မိတယ်။ သူမက မြက်ခင်းပြင်တစ်ဆုံး အလွန်က ထိန်ထိန်သာလျက်ရှိတဲ့ လမင်းကြီးကို ငေးကြည့်နေတယ်။ ဒါပေမယ့် ရုတ်တရက် စူးခနဲနာကျင်မှုကို ခံစားလိုက်ရတယ်။

"လမင်းကို သစ္စာတည်ကြမယ်။ ငါတို့တွေ ဘယ်တော့မှ နောက်ပြန်မလှည့်ကြေးပေါ့"

သူက လကိုတိုင်တည်ကာ ပြောခဲ့တဲ့စကား။ သူ့အကြောင်းကို ပြန်တွေးမိရုံနဲ့တင် ရင်ခုန်သံတွေမြန်လာတာမို့ ချက်ခြင်း အပြင်းထန်လှုပ်ရှားနေတဲ့ ရင်ကို လက်နဲ့ဖိလိုက်ကာ ဟန်ချက်ပြန်ထိန်းထားလိုက်ရတယ်။ နောက်တော့ သူမနှုတ်ခမ်းကိုသာ ကိုက်ထားလိုက်မိတယ်။

မစဉ်းစားဖို့ ကိုယ်ကိုယ်ကို ပြောနေပေမယ့် မေ့လို့ကမရတော့ အခက်သား။ အရင်တစ်ချိန်က ငါတို့ လမင်းကို တိုင်တည်ခဲ့ကြတုန်းကဆို ငါ့ကနင့်အတွက်ဖြစ်သလို၊ နင်ကလည်း ငါ့အတွက်ပဲ ဖြစ်ခဲ့ကြတယ်မဟုတ်လား။

Gu Fang Bu Zi ShangNơi câu chuyện tồn tại. Hãy khám phá bây giờ