အပိုင်း (၂၃) - Zawgyi
ဟဲရှတစ်ယောက် ဥယျာဉ်ကိုဖြတ်ပြီး မုဒ်ပေါက်မှတဆင့် ၀င်လာတယ်။ မနီးမဝေးမှာ ထိုင်နေတဲ့ သူမကို ပန်းခင်းတွေကတဆင့်ပင် မြင်နေရတယ်။
သူမ အရမ်းပိန်သွားတယ်။ ၀မ်းနည်းပူဆွေးမှုအပြည့်နဲ့ သောကဝေနေဟန် သူမပုံစံက အရင်တုန်းက အမြဲတမ်း တက်ကြွပျော်ရွှင်နေခဲ့တဲ့ ကျင်းအန်းဝမ်အိမ်တော်က မိန်းကလေးတစ်ယောက် မဟုတ်တော့တဲ့ အတိုင်းပင်။
ဟဲရှက အခန်းဝမှ ပုတီးလိုက်ကာကို လက်ဖြင့်ဖယ်လိုက်ပြီး အခန်းထဲကို တိတ်တိတ်လေးပဲ ၀င်လာလိုက်တယ်။ တကယ်တော့ ဒီရက်ပိုင်း တောက်လျောက် သူမဘေးနားကမခွာ ပြုစုရင်း အဖော်ပြုပေးနေခဲ့တာပင်။ လွန်ခဲ့တဲ့၂ရက်က သမားတော်က သူမမကြာခင် သတိပြန်လည်လာမယ်လို့ပြောကာမှပဲ ဘာကြောင့်ရယ်မသိ ရှက်ပြီး ထပ်မလာခဲ့မိတဲ့ အချိန်ထိကိုပေါ့။
ဖိန်းထင်သတိပြန်ရလာရင် ဘယ်လိုတုံ့ပြန်ရမလဲ သူ မတွေးတတ်ချေ။ တော်တော်လေး တွေဝေနေပြီးတော့မှ သူမ ပြန်သတိမရခင် အချိန်ပိုင်းခြားလေးအလိုလောက်မှသာ သူမအခန်းကထွက်ဖို့ ဆုံးဖြတ်လိုက်ရတာပင်။
တကယ်တမ်းပြောရရင် ထွက်သွားချင်လှချည်ရဲ့တော့မဟုတ်ပေမယ့်လည်း သူ့မှာ ဒီလို ပြေးဖို့တလမ်းပဲရှိတာလေ။
"ဖိန်းထင်............." ဟဲရှ နူးညံ့တိုးညှင်းတဲ့ လေသံလေးနဲ့ ခေါ်လိုက်တယ်။ အနားကိုလည်း တဖြည်းဖြည်း တိုးသွားရင်းပေါ့။
သူ့ရဲ့ ထက်မြက်လှတဲ့ အစေခံမလေးက သူ့ရှေ့မှာ ရှိနေပြီလေ။ ဒါပေမယ့် သူမပုံစံကတော့ အသက်မဲ့တဲ့ ကျောက်စိမ်းရုပ်အလား မတုန်မလှုပ် ပကတိတည်ငြိမ်သက်လို့ နေလေရဲ့။ အရင်က စွဲမက်ဖွယ် တောက်ပနေခဲ့တဲ့ ကျောက်စိမ်းရတနာလေး၊ လှပမှုတို့ ထုံသင်းဝေနေခဲ့တဲ့ သူမ ဘယ်ကိုရောက်သွားပြီလဲ? တချိန်က သူ့ကိုတွေ့တာနဲ့ အပြေးလေးကြိုကာ နွေးထွေးမှုတို့ ဆောင်ကျဉ်းလာတဲ့ သူမ၊ သူနဲ့အတူတူ မြင်းစီးကာ အဖော်ပြုပေးနေကျ သူမ၊ ဒါတင်မကသေး ဆည်းဆာရှုခင်း အလှတွေကို သူရဲ့ဘေးမှာ အဖော်ပြုပြီး အတူတူခံစားခဲ့တဲ့ သူမ ဘယ်ကိုရောက်သွားပြီလဲ? ဟဲရှ စိတ်မထိန်းနိုင်တော့ပဲ ရုတ်တရက်ရှေ့တိုးပြီး သူမဆီကို လက်လှမ်းလိုက်တယ်။
KAMU SEDANG MEMBACA
Gu Fang Bu Zi Shang
Romansa"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...