အပိုင်း (၁၆) - Zawgyi + Unicode

901 117 3
                                    

အပိုင်း (၁၆) - Zawgyi

"အရှင်မင်းကြီး"  ဖိန်းထင်က ပေ့မော့နန်းဆောင်ခန်းမထဲသို့ ၀င်လာပြီး ဒူးထောက် ဦးညွှတ်ကာ အရိုအသေပေးလိုက်တယ်။

ဖိန်းထင်ရဲ့ တလေးတစားဟန်အမူရာကြောင့် မင်းကြီးက သဘောကျသွားကာ ရယ်လိုက်ရင်း "ထနိုင်ပါပြီ...ထနိုင်ပါပြီ...ရန်ဖန်းကတော့ မင်းကိုတော်တော်လေး သဘောကျတဲ့ပုံပဲ။ သူမပြောတာကတော့  မင်းက တုန်းလင်းတပ်တွေကို ပြန်ပြေးသွားနိုင်အောင် မောင်းထုတ်ပေးနိုင်တယ်ဆိုပဲ။ အဲ့ဒါ အမှန်ပဲလား?"

ဖိန်းထင်က သက်ပြင်းချလိုက်မိရုံသာ...။

မင်းကြီးက ရန်ဖန်းကို ဒီလောက်အလေးပေးပြီး အားကိုးနေပုံထောက်ရင် သူတို့ဘက်ကတပ်တွေရဲ့ အခြေနေက သိပ်မဟန်တဲ့ ပုံစံပင်။ ဒါကြောင့် သူမလို အခြေမြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် အကူညီတောင်းရတဲ့အထိ ဖြစ်လာတာပဲ မဟုတ်လား။ ဒါပေမယ့် သူမတကယ်ပဲ ချုးပေ့ကျယ်ကို ရင်ဆိုင်နိုင်ပါ့မလား?

သူမ တကယ့်ကို စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် အခုကနောက်တော့မကျသေးပါဘူး။ ဖိန်းထင်က သူမရှေ့မှာ မျှော်လင့်တကြီး ရပ်ကာကြည့်နေတဲ့ ရန်ဖန်းမျက်ဝန်းတွေကို မြင်နေရတယ်။ "အရှင့်ရဲ့ အမိန့်တော်တိုင်း တာဝန်ထမ်းဆောင်ရန်အသင့်ပါ။"

"မိန်းကလေးရဲ့ အကူညီကို ကျေးဇူးတင်မိပါတယ်။ မင်းက ပေ့မော့ရဲ့ မျှော်လင့်ချက်ပါပဲ။" မင်းကြီးက ရန်ဖန်းကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး အားတက်သရောဖြင့် ၀မ်းမြောက်ဝမ်းသာ လက်ခုပ်တီးလိုက်တယ်။ ခနကြာတော့ သူ့ရဲ့ မျက်နှာက ပျော့ပြောင်းသွားပြီး အသံကိုနှိမ့်ချကာ ဆိုတယ် "ငါတို့တပ်တွေက အရမ်း အန္တရာယ်များနေပြီ။ တုန်းလင်းတပ်တွေက ခန့်ပုမြို့ကို ချဉ်းကပ်လာနေပြီလို့ သတင်းရတယ်။ မိန်းကလေးအနေနဲ့ရော ဒီအခြေအနေအတွက် ဘယ်လိုများ စဉ်းစားထားတာရှိသလဲ?"

ဖိန်းထင်က ပေ့မော့ကို ကူညီဖို့ ဆုံးဖြတ်လိုက်စဉ်ခထဲက ဒီနိုင်ငံရဲ့ မြေပုံကို ညစဉ်လေ့လာနေခဲ့တာမို့ ချက်ခြင်း သုံးသပ်ကြည့်လိုက်ရင်း  ဖြစ်နိုင်ချေရှိမယ့် ဗျုဟာပုံစံတွေ နည်းလမ်းတွေ မြန်မြန်လေး တွက်ဆလိုက်တယ်။ ဒါပေမယ့် မထင်မှတ်ပဲ တုန်းလင်းတပ်က ခန့်ပုမြို့အထိတောင် ရောက်နေခဲ့ပြီဆိုတဲ့ အချက်က ဖိန်းထင်ကို အံ့အားသင့်သွားစေတယ်။ "ဒါဆို ပေ့မော့တပ်က နယ်မြို့လေးမှာပဲ အခြေစိုက်ပြီး ခုခံနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့? စစ်သူကြီးတွေက ဒီသတင်းကို ဘာလို့ မသိကြရတာလဲ?"

Gu Fang Bu Zi ShangDonde viven las historias. Descúbrelo ahora