အပိုင်း (၁) - Zawgyi + Unicode

5.9K 217 3
                                    

အပိုင်း (၁) - Zawgyi

၇လပိုင်း၊ ကွေ့လဲ့။

ကောင်းကင်မှနေမင်းက ခြစ်ခြစ်တောက် ပူလောင်နေလေသည်

ပူလောင်လွန်းတဲ့ ရာသီဥတုကြောင့်ပင် သစ်ပင်ရိပ်အောက်က ဆိုင်သေးသေးထဲမှာ လူ၎ယောက် ၅ယောက်လောက်ပင်ကျောက်ချပြီး အနားယူနေကြတယ်
ထိုအချိန်မှာပဲ သူတို့လိုပဲ အမျိုးသားတစ်ယောက်လည်း ဆိုင်ထဲကို ၀င်လာတယ်

"ရေနွေးတစ်ခွက် ချဟေ့" ထိုအမျိုသားကပင် လှမ်းမှာပြီး သူ့အိတ်ထဲမှ ငွေစအချို့နှိုက်ကာ စားပွဲပေါ်မှာထင်ထားလိုက်တယ်

"ဟော့ဒီမှာ အပူတွေအေးစေမယ့် လက်ဖက်ရည်လေး" ဆိုင်ရှင်က လက်ဖက်ရည်ကြမ်းပန်းကန်ကိုချပြီး ထိုအမျိုးသားကို ပြုံးပြလိုက်တယ် "ဒီနေ့ကတော့ တော်တော်ပူတာပဲဗျို့။ ဒါနဲ့ ရောင်းရင်းက ဘယ်ကိုသွားမလို့တုန်းဗျ"

"ဟုတ်ပါ့ဗျာ နေပူချက်ကတော့ လူပါကျပ်တိုက်ထားသလို ကင်ပြီးသားဖြစ်သွားနိုင်တယ်ဗျ" ပြောရင်းပင် သူခွက်ထဲကလက်ဖက်ရည် အနည်းငယ် ယူသောက်လိုက်တယ် ပြီးတော့ နည်းနည်းစိတ်ကျေနပ်သွားဟန်နဲ့ "ကျုပ်က နယ်စပ်မှာကုန်သွားရောင်းမလို့။ ဒီနှစ်တွေထဲ တုန်းလင်းနဲ့ကြားက စစ်ပွဲတွေကြောင့် စီးပွားရေးတွေခေါင်ခိုက်ပြီး စားဖို့တောင်အနိုင်နိုင်ဖြစ်ခဲ့ရတာ ကံကောင်းချင်တယ်ပဲပြောရမလားဗျာ ကျင်းအန်းဝမ်က အဲ့ဒီတုန်းလင်က ပေ့ ဘယ်သူဆိုလား အဲ့ဒါ

တိုက်ထုတ်လိုက်နိုင်လို့သာပေါ့။ နို့မို့ဆို ကျုပ်လည်း ဘယ်အချိန်မှ သွားနိုင်မယ်မှန်းတောင်မသိတော့ဘူး"

"ဒါပေါ့ ကျင်းအန်းဝမ် သခင်လေးက အံ့သြရလောက်အောင်တော်တာပေါ့"

"ခင်ဗျားပြောတဲ့သူကို ကျုပ်သိတယ်။ တုန်းလင်းကဘုရင့်ရဲ့ ညီတော်မဟုတ်လား၊ သူလည်း အင်အားကြီးတာဆိုပဲဗျ"

တစ်ယောက်တခွန်းပြောနေတဲ့အဆုံးမှာ ထိုအမျိုးသားက ထရယ်လိုက်ပြီး "အင်အားကြီးတာက အဓိကမကျပါဘူးဗျာ။ သခင်လေးနဲ့တွေ့တော့ သူလည်းတပ်ဆုတ်ပြီး အိမ်ပြန်ရရှာတာပဲမဟုတ်လား" ပြီးတော့ သူ့ခွက်ထဲက လက်ကျန်လက်ဖက်ရည်ကြမ်း အနည်းငယ်ကို မော့ချလိုက်ပြီး အိတ်ထဲမှ ငွေစအချို့ စားပွဲပေါ်တင်လိုက်တယ် "နောက်တစ်ခွက် ချဗျို့!"

Gu Fang Bu Zi ShangWhere stories live. Discover now