အပိုင်း (၁၃) Part 2 - Zawgyi
"မတွေ့ရတာကြာပြီလေ ငါ့ကို သေသေချာချာလေးကြည့်ခွင့်ပေးပါအုံး" ပြောရင်း ရန်ဖန်းက သက်ပြင်းချလိုက်တယ်။ နောက်တော့ သူမရဲ့ ဆင်စွယ်ရောင် လက်ချောင်းလေးတွေကို ဖိန်းထင်ဆီကို လှမ်းလိုက်ရင်း ပြောလိုက်တယ် "ဖိန်းထင် ဒီကိုလာပါအုံး....ငါ နင့်ကို သေချာကြည့်ပါရစေအုံး"
ဖိန်းထင်က ပြုံးစိစိဖြစ်သွားပြီး ထရယ်ပါလေရော "ဟုတ်ကဲ့ပါ မမလေး......ကျွန်မရဲ့ စစ်သေနာပတိ အဲ့ မဟုတ်ပေါင် စစ်သူကြီးကတော်လေးရဲ့" ပြောရင်း ရန်ဖန်းဆီကို လျောက်သွားလိုက်ပြီး ဘေးနားက ခုံမှာ ၀င်ထိုင်လိုက်တယ်။
လှပပြီး ထက်မြက်တဲ့ မိန်းကလေး၂ယောက်ရဲ့ အကြည့်တွေ ဆုံမိသွားကြလေရဲ့.....တစ်ယောက်စီရဲ့ ပြီးပြည့်စုံမှုတွေက သူတို့ကိုယ်စီမှာ ထင်ဟပ်လို့နေတယ်။
"နင် ပိန်သွားတယ်နော်"
ဖိန်းထင်က မနေနိုင်ပဲ ပြုံးလိုက်မိရင်းက "နင်လဲ လှလာတယ်နော်"
"ငါ နင့်ကိုတကယ် သတိရနေတာ။ အခုတလော ငါတို့ ငယ်ငယ်ကအကြောင်းတွေ ပြန်ပြီးစဉ်းစားမိနေတာလေ။ ငါ့မှာ နင်ကလွဲပြီး ပြောရမယ့်လူလည်း မရှိဘူးလေ"
"ရန်ဖန်း...." ဖိန်းထင်က ကြားဝင်ဖြတ်လိုက်ပြီး "နင် ဘာလို့ မမေးတာလဲ?"
"မေးရမယ်?" ရန်ဖန်းရဲ့ အပြုံးတွေ ပျောက်သွားပြီး ခေါင်းကိုငဲ့လိုက်ရင်း "ငါ.....ငါ မမေးရဲဘူး။ နင် သခင်လေးဆီက ဘာလို့ထွက်ပြေးလာတာလဲဆိုတာကို။ နင့်မှာ မပြောပြနိုင်တဲ့ အခက်ခဲတွေ ရှိနေလို့လား? အဲ့ဒါက အရမ်း အရမ်း အရမ်း ကြောက်စရာကောင်းတဲ့အရာ တစ်ခုဖြစ်မှာ ကျိန်းသေတယ်။"
ဖိန်းထင် တစ်ခစ်ခစ်ရယ်မိသွားတယ် "နင် ပြောနေတာက ပိုကြောက်ဖို့ကောင်းနေပြီ။ ငါ့ကို သီချင်းတစ်ပုဒ်တီးပြမယ်ဆိုရင် အစကနေစပြီး ဖြစ်ကြောင်းကုန်စင် ပြောပြမယ်"
စောင်းက ကုတင်ဘေးက စားပွဲသေးလေးပေါ်မှာ ရှိနေတယ်။ ရန်ဖန်းက သူမကို စူးစမ်းဟန်နဲ့ ကြည့်လိုက်တယ်။ နောက်တော့ စောင်းကို သွားယူလာပြီး တီးဖို့ အဆင်သင့်ပြင်လိုက်တယ်။
BẠN ĐANG ĐỌC
Gu Fang Bu Zi Shang
Lãng mạn"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...