အပိုင်း (၁၀) Part 2 - Zawgyi + Unicode

1K 141 10
                                    


ဖိန်းထင် သီးတော့ မလိုလိုပင်ဖြစ်သွားတယ်။

ချုးပေ့ကျယ်က ချိုသာတဲ့အသံလေးနဲ့ "မင်းကြောက်သွားရင် ငိုလို့ရတယ်နော်။ ငါချစ်တဲ့ အထဲမှာ  မင်းမျက်ရည်တွေလဲပါတယ်လေ။"

ဖိန်းထင် ရယ်နေတာရပ်လိုက်ပြီး "၀မ်ရယ်မှာ သတင်းပေး သူလျှို အကောင်ကြီးကြီး ရှိတဲ့ပုံပဲ"

"မှန်တာပေါ့"

"နင်အစထဲက ငါ့ကို မင်္သကာသလို ဖြစ်နေခဲ့တာမဟုတ်လား။ တမင်သပ်သပ် ငါ့ကို စမ်းသပ်ဖို့ ကျင်းအန်းဝမ်အိမ်တော်က လူတစ်ယောက်ကို ဖမ်းပြီး အကွက်ဆင်ခဲ့တာပဲ"

"မင်း မှန်တယ်လို့လဲ ပြောလို့ရပါတယ်။ ငါသာဒီကောင်လေးကို သတ်လိုက်မိရင်တော့ နောက်တစ်ကွက်ပြောင်းရင် ပြောင်းသွားနိုင်တယ် ဆိုပေမယ့်လို့ပေါ့"

"၀မ်ရယ်က တမင်အိမ်တော်က ထွက်သွားဟန်ဆောင်မယ်။ အဲ့ဒါဆိုငါတို့က ထွက်ပြေးဖို့လုပ်မှာပဲလေ။ အဲ့တော့မှ ငါတို့ကို နောက်ယောင်ခံလိုက်မယ်ဆိုရင် သခင်လေး ပုန်းနေတဲ့နေရာထိရောက်အောင် လမ်းပြပြီးသားပါဖြစ်သွားတာပေါ့"

ချုးပေ့ကျယ်က သူမစကားကို သဘောကျတဲ့ဟန်နဲ "ပျံလွှားငှက်တောင်စွန်းမှာ စစ်တပ်တစ်တပ် ချထားပြီးသွားပြီ။ မင်းရဲ့ အချိန်ဆွဲတဲ့နည်းလမ်းက ဒီနေရာမှာတော့ မသုံးမ၀င်နိုင်တော့ဘူး ထင်တယ်။"

"ဘယ်ဆီပဲရောက်နေနေ အနွေးထွေးဆုံးနေရာက ၀မ်ရယ်ရဲ့ ရင်ခွင်လေးပါ" ဖိန်းထင်က အရှုံးပေးလိုက်ဟန်ဖြင့် မျက်လုံးလေးတွေမှေးစင်းကာ ချုးပေ့ကျယ်ရင်ခွင်ထဲကို တိုးဝင်လိုက်တယ်။ "ဒါနဲ့ ၀မ်ရယ်က ဒီလောက်တောင်တော်နေရင် တုန်းကျိုးကို ဘာလို့များ မဖမ်းနိုင်ခဲ့တာလဲ"

ဖိန်းထင်ရဲ့ စကားက ချုးပေ့ကျယ်ကို တစ်ခုခုအတွေးပေါက်မိသွားပြီးလျှင် သူ့ရဲ့တပ်ဖက်ကိုလှည့်ကာ အော်လိုက်တယ် "ပြန်လှည့်! ဒီနေရာက ပြန်လှည့်!"

ဖိန်းထင်က ညင်သာစွာပြုံးလိုက်ရင်း "အရမ်းနောက်ကျသွားပြီ"

အားလုံး  အခြေနေကို နားလည်သွားကြတယ်။

နားလည်ဆို သူတို့ဘေးက တောင်နံရံတွေပေါ်ကနေ စစ်ချီသံတွေ ကြားလိုက်ရတယ်လေ။ အာလုံးမော့ကြည့်လိုက်တော့ တောင်ထိပ်၂ဖက်လုံးမှာ သူတို့လူစုပေါ်ကို အသင့်ချိန်ရွယ်ထားတဲ့ မြောက်များလှတဲ့ မြှားတပ်ကြီးကို တွေ့လိုက်ရတယ်။

Gu Fang Bu Zi ShangDonde viven las historias. Descúbrelo ahora