အပိုင်း (၁၈) - Zawgyi
အချိန်တိုင်းလိုလို ချုးပေ့ကျယ်ရဲ့ လျှို့ဝှက်အစီစဉ်ကို ဖော်ထုတ်ဖို့သာ ခေါင်းခဲနေမိတယ်။ တကယ်တော့ ဖိန်းထင်စိတ်ဝင်စားတာ ရလာမယ့်ဆုတော်ငွေတွေမဟုတ်၊ မင်းကြီးရဲ့ ပေ့မော့တပ်တစ်ခုလုံးက သူမရဲ့ အမိန့်ကို ယုံကြည်စွာ နာခံစေဖို့ရန်အတွက်ပဲဖြစ်တယ်။ ဒါမှလည်း သူမရဲ့ တချက်မိန့်က အရေးကြုံလာတဲ့အခြေနေတွေမှာ သက်ရောက်မှုရှိနိုင်မှာပေါ့။ တပ်ထဲမှ ပထမနေ့က လာပြီးခရီးဦးကြိုကြတဲ့ ရာထူးမြင့် စစ်သူကြီးတချို့မှလွဲပြီး တခြားဘယ်သူနဲ့မှသူမအတွေမခံပေ။
ဆွေးနွေးခန်းကိုတော့ ကျဲ့ယင်းဖယ်ပေးထားတဲ့ ဖိန်းထင်လက်ရှိတည်းရာ အခန်းဆီမှာပဲလုပ်ဖြစ်ကြတယ်။ ကျဲ့ယင်းကတော့ ဖိန်းထင်နဲ့ ထိပ်ဆုံးက ၀င်ပြီးဗျုဟာတွေဆွဲပေးတဲ့သူပေါ့။ သူ့ချစ်ဇနီးရဲ့ အခင်ဆုံးသူငယ်ချင်းဆိုတာတစ်ခုကပင် သူမဘယ်သူ ဘယ်ကလာတယ်ဆိုတာတွေအကုန် လစ်လျှုရှုထားတဲ့ဟန်ပင်။ ဖိန်းထင်ကတော့ ကျဲ့ယင်းကို ယုံကြည်ရတဲ့ ဘက်တော်သားအဖြစ်လက်ခံပြီးနှင့်နေပြီ။ သူက အကူညီရတာထက်ပင် ပိုသေးတယ်။
အခုလက်ရှိ အခြေနေကလည်း ကျဲ့ယင်း စစ်ရေးညံ့ဖျင်းလို့မဟုတ်ပေ၊ အဓိကက ချုးပေ့ကျယ်ရဲ့ ဥာဏ်နီဥာဏ်နက်တွေကြောင့်သာ။
"သခင်မလေး ဘာတွေတွေးနေတာလဲ?" ကျဲ့ယင်းရဲ့ အမေးနဲ့အတူ အခန်းတွင်းက တိတ်ဆိတ်ငြိမ်သက်ြ်ခင်းတွေ လွင့်ပျယ်သွားတယ်။ သူက ဆက်ပြီး နောက်ဆုံးရရှိတဲ့ သတင်းတွေကိုတင်ပြပြန်တယ် "ဒီတစ်ကြိမ်တော့ ငါတို့ ရှေ့တန်းက ထောက်လှမ်းရေးတွေ ကျဆုံးမှုများတယ်။ ဒါတောင်သူတို့တွေအကုန်လုံး ရတဲ့သတင်းတွေက သာမာန်အဆင့်သာသာလေးတွေချည်းလေ။ စိတ်မကောင်းစရာပဲ။"
ဖိန်းထင်က တင်ပြချက်အပြီးထိတိုင် နှုတ်ဆိတ်လို့နေတယ်။ သူမက မြေပုံလိပ်ကိုဖြေချလိုက်ပြီး မြေပုံထောင့်စွန်းဘက်အပိုင်းကို ငေးစိုက်ပြီးတော့ကြည့်နေတယ်။ ပြီးတော့ ညီးညူလိုက်သံဖြင့် "ဒီတောင်ဘက်ခြမ်းက တောနက်ကြီးကလွဲလို့ ဘာမှမှမရှိတာ။ ချုးပေ့ကျယ်က တပ်တွေကို ဘာလို့အဲ့ဘက် နေတိုင်းလွတ်နေတာလဲဆိုတာ နင်သိလား?"
VOUS LISEZ
Gu Fang Bu Zi Shang
Roman d'amour"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...