အပိုင်း (၂၇) Part 1 - Zawgyi
နိုဝင်ဘာလလယ်တွင် ပေ့မော့၌ပထမဆုံး ဆီးနှင်းတို့ တစ်ဖွေးဖွေးကျဆင်းလို့ နေလေသည်။
စစ်သူကြီး ကျဲ့ယင်းတစ်ယောက် ပေ့မော့မင်းကြီးထံ ရာထူးမှနှုတ်ထွက်စာ လျောက်ဖို့ နန်းဆောင်ဆီ အခစားဝင် ရောက်ရှိလို့လာလေသည်။
"ရုတ်တရက်ကြီး ဘာကြောင့်လဲ?" ပေ့မော့မင်းကြီးမှာ ချက်ခြင်းပင် ဆီးနှင်းအလှပတို့ကို ဆက်ပြီး မခံစားနေနိုင်တော့ပဲ ကျဲ့ယင်းဘက်ကိုလှည့်ကာ စိုက်ကြည့်ပြီး မေးလိုက်တယ်။
"ရှေ့တန်းက ခုချိန်မှာအန္တရာယ်တွေကင်းဝေးပြီး စိုးရိမ်စရာမရှိတော့ပါဘူး။ ဒါကြောင့် ကျဲ့ယင်းအနေနဲ့ စစ်မှုထမ်းတာဝန်မှ အနားယူပြီး ရန်ဖန်းနဲ့ထားထားခဲ့တဲ့ကတိကို တည်ချင်တာကြောင့် အတွက်ပါ အရှင်မင်းကြီး" ကျဲ့ယင်းကပြန်ဖြေလိုက်တယ်။
"စစ်မှုထမ်းတာဝန်ကနေ အနားယူပြီး ဇနီးသည်နဲ့အတူ သေတပန် သက်တဆုံး အေးအတူ ပူအမျှ ဘဝကိုကုန်ဆုံးတော့မယ်ပေါ့ ဟုတ်သလား? တကယ့်ကို ချစ်ခြင်းမေတ္တာကြီးမားတဲ့ ယောက်ျားကတိပေပဲ။" ပေ့မောဘုရင်ကဆက်မပြောချင်တော့ဟန်ဖြင့် အဝေးတနေရာကို မျက်နှာလွဲလိုက်တယ်။ ခနကြာတော့ သူ့ရဲ့စကားကို ပြန်ဆက်လေတယ် "မင်းသားငယ်၂ပါးကို အဆိပ်ခပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ဖန်းအညှိုးထားနေသေးလား?"
ကျဲ့ယင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ညှိုးငယ်တဲ့အသံဖြင့် ပြန်ဖြေလိုက်တယ် "မိန်းမတစ်ယောက်ရဲ့ ခံစားချက်ကို နိုင်ငံရေးအတွက်ဆုံးဖြတ်ရာမှာ ထည့်သွင်းစဉ်းစားဖို့ရန် မသင့်တော်ပါဘူး။ အရှင်မင်းကြီး အမှားမဟုတ်ပါဘူး။"
"ဒါဖြင့်ရင် သူမက ငါကိုယ်တော်ကို အညှိုးထားနေသေးတဲ့ပုံပဲ။ စိတ်မကောင်းစရာပဲလေ မိတ်ကောင်းဆွေကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာလောက် ကြီးမားတာရှိပါ့အုံးမလား။" ပေ့မော့ဘုရင်က ခါးသီးစွာပြုံးလိုက်ရင်း ခေါင်းကိုငြိမ့်နေတယ် "ငါကိုယ်တော်ဘာများပြောနိုင်အုံးမှာလဲ... ကောင်းပြီ ကောင်းပြီ... စစ်သူကြီး ကျဲ့ယင်း၊ မောင်မင်းသွားလို့ရပြီ။"
VOCÊ ESTÁ LENDO
Gu Fang Bu Zi Shang
Romance"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...