အပိုင်း (၂) - Zawgyi + Unicode

1.8K 171 1
                                    


အပိုင်း (၂) - Zawgyi

ရာသီဥတုက အထိုက်အလျောက် မဆိုးလှဘူးလို့ပြောရမယ်။ တိမ်အုံ့နေတာကြောင့် ယခင်၂ရက်ကလောက် အပူရှိန်သိပ်မပြင်းပေ

ဖိန်းထင် သူမမျက်နှာပေါ်က ချွေးစက်တွေကို လက်နဲ့သပ်ချလိုက်တယ်။ သူမထပြီးသွားဖို့ပြင်နေတုန်း ချန်မားမားတစ်ယောက်ရောက်လာတာမြင်ပြီး ခနစောင့်နေလိုက်တယ်

"ဟုန် နင်အလုပ်ရှုပ်နေလား?" (Note: ပိုင်ဖိန်းထင်ဟာ သူမအမည်ရင်းအစား ဟုန်မိန်းကလေး အနေနဲ့ ဟန်ဆောင်ထားတာ)

"ကျွန်မအခုပဲ အ၀တ်တွေလျှော်ပြီးတာ၊ ဘာကိစ္စလဲ ချန်မားမား? မနေ့ကအ၀တ်တွေလည်းလျှော်ပြီးပြီဆိုတော့ ခြောက်ပြီးသားတွေခေါက်ဖို့ကလွဲရင်တော့ မရှိပါဘူး"

"အဲ့အလုပ်တွေ အသာထားလိုက်" ချန်မားမားက အ၀တ်လျှော်ခန်းထဲထိဝင်လာပြီး သူမကို ခပ်တိုးတိုးပြောတယ် "ဒီကအလုပ်တွေကို ခနအသာထားလိုက်တော့ ငါနင့်ကိုပြောစရာရှိတယ်"

ဖိန်းထင် အ၀တ်ခြင်းကိုချလိုက်ပြီး "ဘာကိုလဲ?"

"နင် ငါ့အင်္ကျီက အပေါက်၂ခုကို ပြန်ဖာပေးခဲ့တာမို့လား"

"ငါတွေ့နေတာနဲ့ နဲနဲသီပေးလိုက်တာလေ။ ဘာလဲ ချန်မားမားက သဘောမကျလို့လား?"

ချန်မားမား ထပ်ကပ်ပြီးတိုးတိုးလေးပြောတယ် "သဘောမကျတာမဟုတ်ဘူး အခုငါ့အကျီင်္မှာ အပေါက်ရှိခဲ့တယ်ဆိုတာ ငါတောင်မသိနိုင်လောက်အောင်ဖြစ်သွားလို့! နင်အချုပ်လုပ်တွေ ဒီလောက်တော်တယ်ဆိုတာ တခါမှမထင်ထားမိတာ!" သူမက ဖိန်းထင်လက်ကိုဆွဲပြီး သေချာကြည့်ပြီး ပြောပြန်တယ် "ငါတို့ကို နင့်မှာအရည်ချင်းရှိမှန်းဘာလို့အစထဲက မပြောရတာလဲ? ငါပြောပြမယ်၊ အခုမမလေးရဲ့ မင်္ဂလာဆောင်ကသိပ်မဝေးတော့ဘူး။ ငါတို့အားလုံး မမလေးအတွက် မင်္ဂလာဝတ်စုံ ချုပ်ဖို့လောနေကြတာ။ ငါတို့အိမ်တော်ဝင်းတစ်ခုလုံးပတ်ရှာထားတာတောင် အရည်ချင်းမှီတဲ့ အချုပ်သမလေး၃ယောက်ပဲရှိတာ။ ဒီလူနဲ့ ဘယ်လိုလုပ်အချိန်မှီပြီးဖို့ဖြစ်နိုင်မှာလဲ။ ဒီနေ့ကစပြီး နင်ဒီလိုအလုပ်ကြမ်းတွေလုပ်ဖို့ မလိုတော့ဘူး။ ငါနဲ့လိုက်ပြီး မမလေးရဲ့ မင်္ဂလာဝတ်စုံပြင်ဆင်ဖို့ကူပေးရမယ်!" ချန်မားမားက ဟွားသခင်မလေးကို ငယ်ငယ်ထဲကထိန်းလာတဲ့သူလည်းဖြစ်လို့ ဒီမင်္ဂလာပွဲတွက်ကို အရမ်း စိတ်လှုပ်ရှားနေတာလေ

Gu Fang Bu Zi ShangDove le storie prendono vita. Scoprilo ora