အပိုင်း (၁၃) Part 1 - Zawgyi
စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ကျယ်ကြီးတွေက ရန်ဖန်း ပြောခဲ့တဲ့ပုံစံအတိုင်းပင်။
နောက်ဆုံးတော့ သူမ ပေ့မော့ကို ရောက်လို့လာခဲ့ပြီပေါ့။ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာကြီးက သူမရှေ့မှာ ဆီးကြိုလို့နေတယ်။ တောင်တန်းအသွယ်သွယ်တွေ၊ နွေဦးရာသီဝင်ခါစ ရှုခင်းအလှတွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက ဆင့်ကဲပြီးအလှတိုးလို့နေတယ်။ မြက်ခင်းစိမ်းလွင်ပြင်တွေပေါ်မှာ နေရောင်ခြည်က လင်းလက်စွာ တောက်ပလျက်ရှိတယ်။
တောင်တန်းသွယ်ထက်ကနေတဆင့် ဆင်းသက်လာတဲ့ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေတဲ့ စမ်းချောင်းငယ်လေးက မြက်ခင်းလွင်ပြင်ရဲ့ကြားမှာ တစ်သွင်သွင် စီးဆင်းလျက်ရှိနေတယ်။
လေပြေအေးလေးက သူမရဲ့ သေးသွယ်တဲ့ ကိုယ်ကို ဖြတ်ကာ ဝှေ့ပြီးတိုက်သွားတယ်။ ဒါပေမယ့်လည်း သူမကတော့ အအေးဒဏ်ကို အံတုလျက်ပေါ့။ မြင်းကိုမနှင်လိုက်ခင်လေးတစ်ချက် နဖူးပေါ်လက်တင်ကာ စမ်းကြည့်လိုက်မိသေးတယ်။ ပြီးတဲ့နောက်မှာတော့ ထပ်ပြီး ရှေ့ကိုတည့်တည့်မတ်မတ်သာ ဦးတည်ပြီး ထွက်လာခဲ့လိုက်တယ်။
အဝေးတစ်နေရာမှာ သိုးအုပ်တစ်အုပ် ဆူညံစွာ ကျက်စားနေကြတာ လှမ်းမြင်နေရတယ်။
"ဝေဟင်ထက်က သိန်းငှက်ငယ်...ဝေဟင်အဆုံး ပျံမမှီနိုင်.....လှပခြင်းတရားနဲ့ မိန်းမငယ်လေး....မြက်ခင်းလွင်ပြင်အဆုံး...မြင်းကောင်းရှာလျက်"
"သိန်းငှက်တို့ ပျံလေတယ်၊ ကောင်းကင်က ပိုလို့သာမြင့်လျက်။ လှပတဲ့မိန်းမငယ်လေးကတော့ မြက်ခင်းလွင်ပြင်မှာ မြင်းကောင်းရှာဖွေလျက်"
ဖိန်းထင် မနေနိုင်ပဲ ရယ်လိုက်မိရင်း သူမခါးမှာ ချိတ်ထားတဲ့ ရေတကောင်းထဲက ရေအနည်းငယ် ယူသောက်လိုက်တယ်။
အေးလိုက်တာ....မသိရင် ရေခဲတောင်ပေါ်က ခုမှအရည်ပျော်လာတဲ့ ရေအတိုင်းပဲ...
သူမ နောက်တစ်ကြိုက် ထပ်မော့လိုက်ပြန်တယ်။ ဒါပေမယ့် ဒီတစ်ခါကျတော့ မျက်လုံးကိုစုံမှိတ်ကာ အရသာခံပြီး သောက်လိုက်တယ်။ ချိုမြိန်လိုက်တဲ့ အရသာလေး.........
![](https://img.wattpad.com/cover/185090956-288-k686581.jpg)
DU LIEST GERADE
Gu Fang Bu Zi Shang
Romantik"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...