အပိုင်း (၈) Part 1 - Zawgyi + Unicode

1.1K 136 1
                                    


အပိုင်း (၈) Part 1 - Zawgyi

ဖိန်းထင် ရှေ့၃ရက်လုံး အနားယူနေတယ်ဆိုပေမယ့်လည်း စိတ်တွေရှုပ်ထွေးနေတယ်။

အခန်းရှေ့က ပန်းခင်းလေးမှာ အနီရောင်စိုစိုပန်းလှလှလေးတွေ အစွမ်းကုန် ပွင့်ဖူးနေကြတယ် ဒါပေမယ့် ဖိန်းထင်ရဲ့ အကြည့်တွေကတော့ လှပတဲ့ပန်းလေးတွေကိုကျော်ပြီး ပန်းခင်းထဲက အရွက်စိမ်းလေးတွေမှာ စုနေလေရဲ့

ချုးပေ့ကျယ် သူမကိုလာမတွေ့တာ ၃ရက်ရှိပြီ။

"ကောင်းပြီလေ။ နင်မလာတော့လည်း....."

ဒီ၃ရက်လုံး သူမ စိတ်ပူနေတာက ချုးပေ့ကျယ်ထပ်လာမှာကိုပဲ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ သူလာဖို့မေ့နေမှာကိုလည်း စိုးရိမ်မိနေပြန်တယ်။ နေကောင်းအောင်နေ....ဒါက ဘယ်လိုအမိန့်ကြီးပါလိမ့်? အတွေးတွေနဲ့ပင် သူမရဲ့ပါးဖောင်းဖောင်းလေး၂ဖက်လုံး ပန်းနုရောင်လေး ပြေးသွားတယ်။

နေ့လည်ကျတော့ အခန်းကို ချုးမိုယန်ရောက်လာပြီး သူ့သခင်မှာလိုက်တာကို လာပြောတယ် "အခုတစ်လောခံတွင်းသိပ်မတွေ့ဘူး။ သူ့ကို ဟင်း၂မယ်လောက်ပြင်ဆင်ခိုင်းပြီး ငါ့အခန်းကိုလာပို့ဖို့ပြောလိုက်" တဲ့။

ချက်ရမယ်? ဖိန်းထင် နှုတ်ခမ်းတစ်ချက် ကိုက်လိုက်ပြီး ဟင်းပွဲပြင်ဆင်ဖို့အတွက် မီးဖိုချောင်ထဲ ၀င်လာခဲ့လိုက်တယ်။

ဒီနေ့ ချုးပေ့ကျယ် စိတ်ကောင်းဝင်နေတယ်။ ပုံမှန်ဆိုရင် သူလိုချင်တာ ချက်ခြင်းရအောင်ယူတတ်တဲ့သူက အခုတော့ ၃ရက်ကြီးများတောင် စိတ်ရှည်ရှည်စောင့်ပြီး အချိန်ပေးထားတယ်။ သူက သူ့ရဲ့ ချစ်စရာ ဖြတ်ထိုးဥာဏ်ထက်တဲ့ အစေခံမလေးနဲ့ အဆင်ပြေဖို့ မျှော်လင့်နေတာလေ။

ဟုန်လေးက လှတယ်လို့တော့ပြောလို့မရပေမယ့် သူက အရမ်းထူးခြားတယ်။ ငါ့ရဲ့ စိတ်ဝင်စားမှုကိုရဖို့လည်း ထိုက်တန်ပါပေတယ်။ သူမအကြောင်းတွေးမိတိုင်း သူပြုံးမိတယ် ဒါကသူတို့၂ယောက်ရဲ့ ရေစက်ပဲလေ ဘာပဲပြောပြောသူက ဦးရီးတော်တစ်ယောက်ဖြစ်နေပြီး သူမက သာမာန်အစေခံမလေးတစ်ယောက်ပဲမဟုတ်လား။

Gu Fang Bu Zi ShangTempat cerita menjadi hidup. Temukan sekarang